Home

Tuesday, February 10, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ (၁၀)
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ ဆက်လက်ကျင်းပသည်။
 









အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရ မည့် ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန် တတ် သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက် သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် အတွက် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်၊ ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း၊  ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးနေ၀င်းထွန်း နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) မှ ဒေါက်တာဗညားေ အာင်မိုးတို့က ဆွေးနွေး ကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကြသည်။

No comments:

Post a Comment