နေပြည်တော် ဖေဖော်ဝါရီ ၁၀
လယ်ယာမြေကို
အခြားနည်း အသုံးပြုခွင့်အတွက် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့်ကို သက်ဆိုင်ရာ နေပြည်
တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ စိစစ်ကြီးကြပ်မှုဖြင့် ရေးကူးခွင့်ပြုထားပြီး
ဖြစ်သည်။
ထို့ပြင်
လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားခြင်း ကိစ္စရပ်များမှအပ အခြားလုပ်ငန်း
ကိစ္စရပ်များဖြစ်သည့် ဂရန်လျှောက်ထားခြင်း၊ အမည်ပြောင်း လျှောက်ထားခြင်း၊ သတ္တုတူးဖော်ခွင့်
လျှောက်ထားခြင်းစသည့် လုပ်ငန်းကိစ္စရပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊
မန္တလေးမြို့များအတွင်းရှိ မြို့မြေများမှအပ ကျန်တိုင်းဒေသကြီး /ပြည်နယ်များတွင် သက်ဆိုင်ရာမြို့နယ်မြေ
စာရင်း ဦးစီးဌာနများသို့ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့် အညီ ပြည့်စုံစွာ
လျှောက်ထားလာပါက လျှောက် ထားသည့်နေ့မှ (၁)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးလျက် ရှိသည်ဟုဖြင့်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက လွှတ်တော်ကိုယ်စားလှယ်
ဦးခင်မောင်ညို၏ မေးခွန်းအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး၊
ပေါက်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက “လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် (လယ-၃၀) လျှောက်ထားခြင်းနှင့် မြေစာရင်းပုံစံ(၁၀၅)
ရေးကူးခွင့် လျှောက်ထား ခြင်းများအပေါ် ညွှန်ကြားကန့်သတ်ချက်များ ဖြေလျော့ပေးရန်” နှင့်
စပ်လျဉ်း၍ မေးမြန်း ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး
ဟိုပုံးမဲဆန္ဒနယ်မှ ဦးခွန်သိန်းဖေက နိုင်ငံတော်က
ပြုပြင် ပြောင်းလဲရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို တစိုက်မတ်မတ်
ဆောင်ရွက်လာခဲ့ရာ လမ်းပန်းဆက်သွယ်ရေး အပိုင်းတွင် ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်ချင်းဆက်လမ်းများ၊
ပြည်ထောင်စုလမ်းမကြီးများ များစွာကောင်းမွန် တိုးတက် လျက်ရှိသည်မှာ ငြင်းမရသည့်အချက်ဖြစ်ပါကြောင်း၊
လမ်းများတိုးတက် ကောင်းမွန်လာ သည်နှင့်အမျှ ပြည်သူများသည် လမ်းဘေးဝဲယာသို့ ရွှေ့ပြောင်းအခြေချ
နေထိုင်မှု များလာပြီး ဈေးဆိုင်ခန်းများ ဆောက်လုပ်လာခြင်း များပြားလာလျက်ရှိပါကြောင်း။
ယင်းသို့ရွှေ့ပြောင်းနေထိုင်ရာတွင် ဆောက်လုပ်ပြီးသည့်
လမ်းများမှာ လမ်းဧရိယာ အလုံအလောက် မသတ် မှတ်ရသေးခြင်း၊ လမ်းသားများ လုံလောက်စွာ ရယူဖောက်လုပ်ထားခြင်း
မရှိသည့်အတွက် ပြည်သူများအနေဖြင့် လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်သည့်အပြင် အခိုင်အမာ
အုတ်တံတိုင်း ခတ်ခြင်းများ၊ တိုက်အိမ် ဆောက်ခြင်းများ ရှိလာသည့်အတွက် နောင်တွင် လမ်းချဲ့လိုသည့်အခါ
ပြည်သူနှင့် တိုက်ရိုက် ပြဿနာ ဖြစ်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြီး “နိုင်ငံတစ်ဝှမ်းလုံးရှိ လမ်းများအား ဦးစားပေးအဆင့်များ
သတ်မှတ်ကာ လမ်းသားများ၊ လမ်းဧရိယာများကို လုံလောက်စွာ ဖောက်လုပ်ရယူ သတ်မှတ်ထားရန် အစီအစဉ်ရှိ၊
မရှိ” မေးမြန်းခဲ့သည်။
အဆိုပါ
မေးခွန်းအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆောက်လုပ်ရေးဝန်ကြီး
ဌာနက တာဝန်ယူဆောင်ရွက်သည့် လမ်းများအား လမ်းအင်္ဂါရပ်များ၊ နည်းပညာဆိုင်ရာ စံညွှန်းသတ်မှတ်
ချက်များနှင့် ဆောင်ရွက်ရမည့် လမ်းနယ်၊ လမ်းသား၊ အမာခံလမ်းပုခုံး၊ လမ်းဘေးရေမြောင်း၊
ကန့်လန့်ဖြတ် ရေမြောင်း၊ အကာအကွယ်တိုင်နှင့် လမ်းသတိပေး ဆိုင်းဘုတ်များကို လမ်းနယ်နိမိတ်အတွင်း
သတ်မှတ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြို့တွင်း ရွာတွင်းအပိုင်းများတွင် မတည်ဆောက်မီက
ဆောက်လုပ် ထားသည့် အဆောက်အအုံများကို ဖယ်ရှားမည် မဟုတ်ဘဲ လက်ရှိတည်ရှိနေသည့်အတိုင်း
ထားရှိမည်ဖြစ်ပြီး သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်လာသည့် အိမ်ရာအဆောက်အအုံများကို
လမ်းမကြီးများ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားခဲ့ သည်။
ထို့ပြင်
သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ မေးခွန်းအပေါ် “ရန်ကုန်မြို့တော်
မြေအသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ်မှုနှင့် မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ အဆိုပြုပုံစံများ
စိစစ်အကြံပြုခြင်း လုပ်ငန်းကော်မတီအနေဖြင့် ၂၀၁၃ခုနှစ် ဇွန်လ ၁၉ ရက်၊ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ
၃ ရက်နှင့် ၂၀၁၄ခုနှစ် မတ်လ ၃၁ရက်တို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
မြို့တော်ခန်းမ၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲများ
ဆောင်ရွက်ခဲ့ပြီး စိမ်းလန်းမြေဧရိယာ သတ်မှတ်ခြင်း၊ မိသားစုလုံးချင်း အဆောက်အအုံဆောက်လုပ်မည့်
ဧရိယာသတ်မှတ်ခြင်း၊ ရေရှည်တွင် စနစ်တကျ ညထိန်းချုပ်နိုင်မည့် စည်းမျဉ်းစည်းကမ်းများ
ရေးဆွဲနိုင်ရေးအတွက် မြို့နယ်အလိုက် မြေအသုံး ချခွင့်နှင့် ပတ်သက်သည့် Floor Area
Ratio(FAR), Building Coverage Ratio(BCR) အမြင့်ကန့်သတ် ဇုန်များကို သတ်မှတ်နိုင်ရေးအတွက်
ဆွေးနွေးလျက်ရှိ ပါကြောင်း။
သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
အရည်အသွေး မမီသော ဆောက်လုပ်မှုများ စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရပ်ဆိုင်းစေပြီး ဖြိုဖျက်၍
ပြင်ဆင်စေခြင်း၊ အားဖြည့်စေခြင်းများအား လိုအပ်သလို ဆောင်ရွက်စေလျက်ရှိပါ ကြောင်းနှင့်
ရန်ကုန်မြို့တော် မြေအသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ်မှုနှင့် အဆောက်အုံ အမြင့်ကန့်သတ်သည့်
အစီအမံများအား အတည်ပြုပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်းဖြင့် သမ္မတရုံးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြန်လည် ဖြေကြားသည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်
လွှတ်တော်ကိုယ်စားလှယ်က "မြေလွတ်မကျန်သည့်
ဆောက်လုပ်ရေးစီမံကိန်းများ၊ အရည်အသွေးမမီသော ဆောက်လုပ်မှုများ လတ်တလောဆိုင်းငံ့ထားရန်၊
ရေရှည်တည်တံ့သော မြို့ပြစီမံခန့်ခွဲမှုအတွက် ပညာရှင်များပါဝင်သည့် ကောင်စီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရန်နှင့်
မြေအသုံးချမှု အဆောက်အအုံအမြင့် ကန့်သတ်သည့် ဇုန်ခွဲများမှ အစီအမံများအတည်ပြုပြဋ္ဌာန်းရန်
အစီအစဉ်ရှိ၊ မရှိ"မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထို့သို့
မေးခွန်းများကို မေးမြန်းဖြေကြားကြပြီးနောက် သရက်ချောင်းမဲဆန္ဒနယ်မှ ဦးကင်းစိန်က အဆိုတစ်ရပ်
တင်သွင်းကာ “နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်း အမြစ်များ ပြုန်းတီး၍ အနာဂတ်လူသားများ စားသုံးနိုင်ရေး
ခက်ခဲမှု၊ နိုင်ငံတော်က နိုင်ငံခြားဝင်ငွေ ရရှိမှုများ နည်းလာပြီး တိုင်းရင်းသားပိုင်
ကမ်းဝေးငါးဖမ်း ရေယာဉ်များ စဉ်ဆက်မပြတ် ရေရှည်ငါးဖမ်းမှုလုပ်ငန်းများ ပျက်ပြားသည် အထိ
အဖြစ်များလာနိုင် ပါကြောင်း" ဖြင့် ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့နောက်
အဆိုရှင်က “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
မြန်မာ့ ရေပိုင်နက်အတွင်း တိုင်းရင်းသား ငါးဖမ်း လုပ်ငန်းရှင်များအား ငါးဖမ်းကွက်များ
သတ်မှတ်၍ ရခိုင်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ ငါးဖမ်းကွက်(၄)ကွက်တွင် ကမ်းဝေး ငါးဖမ်းယာဉ်များကို
စက်တင်ဘာ(၁)ရက်မှ မေ(၃၁)ရက်အထိ ငါးဖမ်းရာသီအဖြစ် (၉)လ ဖမ်းဆီးခွင့်ပြုထားပြီး ဇွန်(၁)ရက်မှ
သြဂုတ်(၃၁)ရက်အထိ ငါးမဖမ်းရရာသီအဖြစ် စဉ်ဆက်မပြတ် သတ်မှတ်ပေးရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း”
ဖြင့် အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ယနေ့ကျင်းပသည့်
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၆) ရက်မြောက် နေ့တွင်
ကြယ်ပွင့်ပြမေးခွန်း (၃)ခု၊ အဆိုတစ်ရပ်နှင့် ဥပဒေကြမ်း(၂)ခု လက်ခံရရှိကြောင်းနှင့်
အဆိုတင်သွင်း လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့
အသိပေး တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။









No comments:
Post a Comment