Home

Tuesday, February 10, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ  ၁၀
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျင်းပမည့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစား ပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသော ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) ဥက္ကဋ္ဌ စောမူတူးစေး ဖိုးနှင့်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၌ လက်ခံ တွေ့ဆုံသည်။





ထိုသို့တွေ့ ဆုံရာတွင် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူ့ဆန္ဒကို ဖော်ဆောင်နိုင်ရန် အတွက် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ဖြစ်စဉ်များနှင့်ပတ်သက်၍ အရှိန်အဟုန် မြှင့် တင်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ဦးရဲထွဋ်၊ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနမှ ဦးတင်မောင်သန်းနှင့် ဦးလှမောင်ရွှေတို့ တက်ရောက် ကြပြီး ကေအင်န် ယူဥက္ကဋ္ဌနှင့်အတူ ပဒိုစောကွယ်ထူးဝင်း၊ စောအိုက်ဇက်၊ စောထူးထူးလေး၊ စောတာမူလာ၊ ငြိမ်းချမ်းရေး ကောင်စီမှ စောရင်နုနှင့်စောမောင်မောင်၊ တိုင်းရင်းသား အဖွဲ့များ၏ အကြံပေး ပညာရှင် ဦးဟန်ယောင် ဝေတို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တက်ရောက်လာကြသူ များနှင့်အတူ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

No comments:

Post a Comment