Home

Tuesday, February 10, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်

နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၉
(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ် သဘောအစည်းအဝေး 12th ACDFIM ) သို့ တက်ရောက်ရန်အတွက် မလေးရှားနိုင်ငံ သို့ ရောက်ရှိနေသော


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဒေသစံတော်ချိန် ည ၈ နာရီခွဲ တွင် Shangri-La Hotel ရှိ Sarawak Room ၌ မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.)Zulkifeli Bin Mohd Zin နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.)Zulkifeli Bin Mohd Zin က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညစာစားပွဲသို့ တက်ရောက် လာသော အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ ညစာ အတူတကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မလေးရှား တပ်မတော် တေးဂီတ အဖွဲ့က တေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေကြ သည်။

ညစာသုံးဆောင်အပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများတို့နှင့် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီးအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူး ခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment