Home

Tuesday, February 10, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(12th ACDFIM)တက်ရောက်မည့် အဖွဲ့ဝင် နိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် နှစ်နိုင်ငံသီးခြားစီတွေ့ဆုံ

နေပြည်တော်-ဖေဖော်ဝါရီ-၉
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ် သဘောအစည်းအဝေး (12th ACDFIM) သို့ တက်ရောက်မည့်


အာဆီယံနိုင်ငံ များမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ဒေသ စံတော်ချိန် မွန်းလွဲ(၂)နာရီ မိနစ်(၅၀)တွင် Shangri-La Hotel Bilateral Meeting Room ၌ နှစ်နိုင်ငံသီးခြားစီတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘရူနိုင်းနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Paduka Seri Mohd Tawih Bin Abdullah ၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General John Sarmiento Bonafos AFP ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Worapong Sanganetra ၊ စင်ကာပူနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Ng Chee Meng ၊ ကမ္ဘောဒီးယားနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Pol Saroeum ၊အင်ဒိုနီးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Dr. Moeldoko ၊ လာအိုပြည်သူ့ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် Brigadier General Khamlieng Outhakasone ၊မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zukifeli Bin Mohd Zin တို့နှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက် မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲများအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်း ဓာတ်ပုံ ရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment