Home

Monday, February 9, 2015

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ(၉)          
ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၅ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပသည်။


အစည်းအဝေးတွင်သာသနာရေး၊ တစ်နိုင်ငံလုံး Call Center များ ဆောင်ရွက် ပေးနိုင်ရေး၊ ကျေးလက် လမ်းပြုပြင် ပေးနိုင်ရေးနှင့်  ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တို့နှင့် စပ်လျဉ်း သည့် မေးခွန်းများ မေးမြန်း ဖြေကြားခဲ့ကြသည်။
ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေ၏ "Call Center များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ" မေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအုန်းသန်းက တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေ၊  မျိုး၊ နည်းပညာနှင့်အရင်းအနှီးရရှိရန်လိုအပ်ပါကြောင်း၊ IT ခေတ်တွင် ခေတ်မှီဆက်သွယ် ရေးစနစ်ဖြစ်သည့် မိုဘိုင်း တယ်လီဖုန်းများကို ၀န်ထမ်းများနှင့် တောင်သူများပါ သုံးစွဲ လာနိုင်သောကြောင့်  တောင်သူများအနေဖြင့် မျိုးစေ့ လိုအပ်ချက်များ၊ ပိုးမွှားပြဿနာ များ၊ ဈေးကွက်သတင်းများ၊ ရေရရှိရေးနှင့် မြေပြုပြင်ရေးတို့အတွက် ထွန်စက် လိုအပ်ချက်ကို ၀န်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဖုန်းနံပါတ်များကို ဗွီနိုင်းဖြင့် စိုက်ထူ ထားပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုပါလိုအပ်ချက်များအတွက် မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူထောင်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ၀က်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့်က “နိုင်ငံတော်တစ်ဝှမ်း အနယ်နယ်အရပ်ရပ်ရှိ ဘုန်းတော် ကြီး သင်ပညာရေးကျောင်းများအား အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထောက်ပံ့မှုပိုမို တိုးမြှင့် ဆောင်ရွက် နိုင်ရေး အတွက် နိုင်ငံတော် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာ လွှတ်တော် က အတည်ပြု ခဲ့သည်။

အဆိုနှင့်စပ်လျဉ်း၍ သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်ဌေးက ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်း မူလတန်းကျောင်း၊ မူလတန်း လွန်အဆင့် တိုးမြှင့်ခြင်းကို သတ်မှတ်ချက်များ နှင့်ပြည့်စုံပါက မူလတန်းလွန်ကျောင်း အဆင့်သို့ ၀န်ကြီးဌာန စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖွင့်လှစ်ခွင့်ပြုခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူလ တန်းလွန်၊ အလယ်တန်း၊ အထက်တန်းအဆင့်သို့ အဆင့်ဆင့် တိုးမြှင့်လျှောက်ထား ခြင်းတို့ကို သတ်မှတ်ချက်နှင့်ပြည့်စုံညီညွတ်ပါက အမြန်တိုးမြှင့်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာများသို့ လျှောက်ထားခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေး အဖွဲ့ ဆရာတော်များမှ အတည်ပြု ပေးပို့လာသော ကျောင်းသားစာရင်းများအရ ဆရာ ဆရာမ များ၏ ထောက်ပံ့ငွေကို အချိုးကျတိုးမြှင့်ထောက်ပံ့သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။ 

No comments:

Post a Comment