Home

Monday, February 9, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာ စာအမှတ်
(၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တို ဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိ အမှတ်ပြု လက်မှတ် အသစ် လျှောက်ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင်သက်သေခံ လက်မှတ် ရရှိထား သူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည် ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်း တို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၅-၂-၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်းသက်တမ်းတိုး(၇၀)ဦးနှင့် ထုတ်ဝေသူသက်တမ်းတိုး(၇၅)ဦး၊ပေါင်း သက်တမ်းတိုး  (၁၄၅)ဦးအား လည်းကောင်း၊ ထုတ်ဝေသူ အမည်ပြောင်း(၁)ဦးအားလည်းကောင်း၊ ပုံနှိပ်လုပ်ငန်း အသစ် လျှောက်ထား သူ(၉)ဦး၊ ထုတ်ဝေခွင့်အတွက် အသစ် လျှောက်ထားသူ ဂျာနယ် ထုတ်ဝေ ခွင့်(၃)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့်(၃) ဦး၊ အထွေထွေ ထုတ်ဝေခွင့် (၁၃)ဦး၊ သတင်းအေဂျင်စီ(၁)ဦး၊ ပေါင်းပုံနှိပ် လုပ်ငန်းနှင့်ထုတ်ဝေ ခွင့်(၂၉)ဦး တို့အား အသိ အမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။  ယခင် အပတ်က စိစစ်ဆဲဖြစ်သော ပုံနှိပ်အသစ် လျှောက် ထားသူ(၁)ဦးအား ယခုအပတ်တွင် ပြန်လည် ခွင့်ပြုပေး ခဲ့ပါသည်။ ယခုအပတ်တွင် တင်ပြ ထားသည့်အထဲမှ ပုံနှိပ် သက်တမ်းတိုး(၁)ခုနှင့် ပတ်သက်၍ စိစစ် ဆဲဖြစ်ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်း အတွက် သက်တမ်းတိုး(၆၅၆) ဦးနှင့် အသစ်လျှောက်ထားသူ (၈၂) ဦး၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် သက်တမ်းတိုး  (၆၆၅) ဦး နှင့်အသစ် လျှောက်ထားသူ(၂၇၅)  ဦး ၊ သတင်းအေဂျင်စီ လုပ်ငန်း အသစ်လျှောက်ထားသူ (၅)ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်း အေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်(၁၆၈၃)စောင်အား စိစစ် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ 
ဂျာနယ်ထုတ်ဝေခွင့် အသစ်လျှောက်ထားသူ(၃)ဦး၊ မဂ္ဂဇင်းထုတ်ဝေခွင့်အသစ်လျှောက် ထားသူတစ်ဦး၊ ဂျာနယ် သက်တမ်း တိုးလျှောက် ထားသူတစ်ဦး၊အထွေထွေထုတ်ဝေခွင့် သက်တမ်း တိုးလျှောက်ထားသူ တစ်ဦးနှင့်ပုံနှိပ် သက်တမ်းတိုး လျှောက်ထား သူတစ်ဦး တို့ကို အချက်အလက် များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment