သထုံ ဖေဖော်ဝါရီ
၈
မွန်ပြည်နယ်၊
သထုံမြို့၊ သိမ်းကုန်းရပ်ကွက် စန္ဒာရုံကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် သြ၀ါဒါစရိယ
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဉာဏ၀ံသ မဟာထေရ်မြတ်ကြီးအား မြန်မာနိုင်ငံ တွင်ရှိသည့် သံဃာ့
ဂိုဏ်းကြီး ကိုးဂိုဏ်းအနက် တစ်ဂိုဏ်း အပါအ၀င်ဖြစ်သာ ဝေဠုဝန်နိကာယ ဂိုဏ်းကြီး၏ ဂဏာဓိပတိ
(ဝေဠုဝန်နိကာယ သမုတိသာသနာပိုင်) အဖြစ် တင်မြှောက် ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်၊
မွန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းတိုက်တွင် စည်ကားစွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ
ဆရာတော်အား သီတင်းသုံးရာ ကျောင်းဆောင်မှ ဒေ၀ါဝင်း အခမ်းအနားဖြင့် အခမ်းအနားသို့ ပင့်ဆောင်ကြပြီး
တေးသံရှင် ရွှေယဉ်မင်းဦးနှင့် စောင်းပညာရှင် ဒေါ်စန်းစန်းကြည် တို့က ရတုများဖြင့် ဂုဏ်ပြုသီဆို
ပူဇော်သည်။
ယင်းနောက်
ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းကို ဖားအံမြို့နယ်၊
ခရား-မြန်မာတိုက်ကျောင်း ဆရာတော်က ဖတ်ကြားကာ ဝေဠုဝန်နိကာယဂိုဏ်း၏ ဂဏာဓိပတိ တင်မြှောက်လွာနှင့်
အဆောင် အယောင်များကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ဆက်ကပ်လှူဒါန်းရာ ဆရာတော်အား
ဝေဠုဝန်နိကာယ ဂိုဏ်းကြီး၏ တေရသမမြောက် ဂဏာဓိပတိ အဖြစ် ရောက်ရှိကြောင်း ပြည်နယ် သာသနာရေး
ညွှန်ကြားရေးမှူး ဦးအောင်ကြည်က အောင်သြဘာစာ ဟစ်ကြွေးပူဇော်သည်။
ဆက်လက်၍
အခမ်းအနား တက်ရောက်လာသူများက ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သာသနာရေး ဆိုင်ရာများကို လျောက်ထားပြီး လှူဒါန်းမှု တို့အတွက်
ရေစက်သွန်းချ တရားနာယူခဲ့ကြကြောင်း သိရသည်။



No comments:
Post a Comment