Home

Monday, February 9, 2015

ဂွမြို့၌ အရန်သားဖွား (သစ်လွင်) သင်တန်း ဖွင့်ပွဲကျင်းပ


သံတွဲ   ဖေဖေါ်ဝါရီ  ၉


ဂွမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အရန်သားဖွား(သစ်လွင်) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ (၉) ရက် နံနက် (၉း၀၀) နာရီက ဂွမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရွှေအောင်က အဖွင်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ မြိုနယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၏ အဖွဲ့ဝင်များ၊ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စာတွေ့ လက်တွေ့ (၆)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

သင်တန်းသူများမှာ ကျေးရွာအုပ်စုများမှ အဓိက ဦးစားပေး ခေါ်ယူ သင်ကြားပေးခြင်း ဖြစ်ပြီး သင်တန်းဆင်းပါက မိမိတို့ ကျေးရွာများတွင် ပြန်လည် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ၄င်းတို့အား ကျန်းမာရေး ဦးစီးဌာနမှ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment