Home

Tuesday, February 10, 2015

ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ လေ့လာရေး တိုင်းရင်းသားများ ဥတ္တရသီရိ မြို့နယ်၊ စက်စက်ယို ဆည်ရေသောက်စနစ် တဆက်တစပ်တည်း ဧက(၉၀၀) စိုက်ကွင်း လေ့လာ

နေပြည်တော် ဖေဖော်ဝါရီ ၁၀
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သည် ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် ဥတ္တရသီရိမြို့နယ်၊ စက်စက်ယို ဆည်ရေသောက် စနစ် တဆက်တစပ်တည်း ဧက (၉၀၀) စိုက်ကွင်း၌ လာရောက်လေ့ လာကြသော ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ ဦးအုန်းဖေ ခေါင်းဆောင်သော ရှမ်း၊ ပအိုးဝ်၊ ဓနု၊ တောင်ရိုး စသော တိုင်းရင်းသား သွေးချင်းညီအကို အင်အား (၃၂၂)ဦး အား စိုက်ကွင်းရှင်းလင်း ဆောင်၌ ရင်းနှီး ခင်မင်စွာတွေ့ဆုံပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားသည်။





ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကယခု လာရောက်လေ့လာ သည့် ဓါတုကင်းလွတ် တဆက်တစပ်တည်း ဧက(၉၀၀)စိုက် ကွင်းအတွင်းသို့ ရောက်ရှိလေ့လာကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ဤစိုက်ကွင်းမှ တောင်သူ ပညာပေး စိုက်ပျိုးပြသထားသော သိပ္ပံနည်းကျ (GAP) စိုက်နည်းစနစ်များ၊ မျိုးကောင်း မျိုးသန့်မျိုးစေ့များကို ရယူပြီး မိမိတို့ဒေ သဖွံ့ဖြိုးတိုးတက်ရေးကို အသုံးချဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
လေ့လာရေး တိုင်းရင်းသားများအနေဖြင့် ဤစိုက်ကွင်းမှ ရရှိလာသည့် အတွေ့အကြုံ ဗဟုသုတများကို မိမိတို့ဒေသ တွင် ပြန်လည်အသုံးချ၍ တောင်သူတစ်ဦး တစ်ယောက်ချင်း မှသည် ကျေးရွာအလိုက်၊ မြို့နယ် အလိုက် ဖွံ့ဖြိုးတိုးတက်ကြစေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရန် တိုက်တွန်းဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် လေ့လာရေး တိုင်းရင်းသားများနှင့် အတူ စိုက်ကွင်းအတွင်းရှိ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်း ချရန် မျိုးသန့် မျိုးပွား စိုက်ပျိုးထားသော ကညွတ်သီးနှံစိုက်ခင်း၊ သခွားမွှေးစိုက်ခင်း၊ စပ်မျိုးခရမ်းသီးစိုက်ခင်း၊ ဖရဲသီးစိုက်ခင်း များကိုလည်းကောင်း၊ Green Hous စနစ်ဖြင့် စိုက်ပျိုးထားသော ခရမ်းချဉ်သီးစိုက်ခင်း ကိုလည်းကောင်း၊ ဂျပန်မူရင်းမျိုး ကန်စွန်းဥစိုက်ခင်းကိုလည်းကောင်း ကြည့်‌ရှုလေ့လာ ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ထိုမှတဆင့် နယူးဧရာကုမ္ပဏီ၏ တစ်နေ့လျှင် တန်(၅၀၀)သိုလှောင်နိုင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ခေတ်မီ အအေးခန်းစက် ရုံသို့ ရောက်ရှိပြီး အခန်းအလိုက် အနှုတ် နှစ်ဆယ့်ငါးဒီဂရီစင်တီဂရိတ်၊ အနှုတ် ငါး ဒီဂရီစင်တီဂရိတ်နှင့် သုည ဒီဂရီစင်တီဂရိတ် အထိ သိုလှောင်နိုင်သော အအေးခန်းများကို ကြည့်‌ရှုလေ့လာ ကြသည်။
ဆက်လက်၍ လေ့လာရေးတိုင်းရင်းသား အဖွဲ့များသည် ဓါတုကင်းလွတ် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ခင်းများကို လည်းကောင်း၊ ခေတ်မီ အအေးခန်းစနစ်ဖြင့်‌ ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံများ ရောင်းချနေ မှုများကို လေ့ လာ ကြည့်‌ရှုကြသည်။

No comments:

Post a Comment