Home

Tuesday, February 10, 2015

ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်း အဝေး (12th ACDFIM ) တက်ရောက်ရန်အတွက် မလေးရှား နိုင်ငံသို့ရောက်ရှိ

နေပြည်တော်၊ ဖေဖေါ်ဝါရီ -၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ် ပူမြို့၌ ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး


12th ASEAN Military Chief of Defense Force Informal Meeting (12th ACDFIM ) သို့ တက်ရောက်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူလေဆိပ်သို့ ရောက်ရှိကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား မလေးရှားနိုင်ငံတပ်မတော်မှ Maj-General Dato' Hanafiah Jaafar (Assistant Chief Of Staff, Defence Logistic)၊ Maj-General Dato' Dr. Jaacob Koming(Director General of Armed Forces Health Services)၊Brig Gen Dato' Mohd Azmi Borhan (Armed Forces Provost Marshall)၊ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် စစ်သံမှူးတို့က လေဆိပ် တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment