Home

Friday, March 4, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြည်ပဧည့်သည်များအား သီးခြားစီလက်ခံတွေ့ဆုံ




နေပြည်တော် မတ် ၎

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Mr.Mark McDowell အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick အား ယနေ့မွန်းလွဲ(၂)နာရီတွင်လည်းကောင်း၊ UNICEF မှ ဌာနေ ကိုယ်စားလှယ် Mr. Bertrand Bainvel အား ယနေ့မွန်းလွဲ ၃ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment