Home

Wednesday, April 1, 2015

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အား ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီ ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့အား ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(Yangon Electricity Supply Corporation) အဖြစ်ပြောင်းလဲ ဖွဲ့စည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အလုံမြို့နယ်ရှိ ရန်ကုန် လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း အစည်းအဝေးခမ်းမ၌ ကျင်းပပြုရာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးမှ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တာဝန်ရှိသူ များ၊ အငြိမ်းစား အရာရှိကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားကဏ္ဍ၌ ပါဝင်ဆောင်ရွက် လျှက်ရှိသော မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ၀န်ထမ်းများတက် ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် လျှပ်စစ်ဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြန်လည် ရေးဆွဲခဲ့ရကြောင်း၊ ရေးဆွဲပြီးဥပဒေများကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့ ပါကြောင်း၊ လျှပ်စစ်ဥပဒေကိုအတည်ပြုပြီးသည့်အခါ ပထမဦးဆုံး ရန်ကုန်နှင့် မန္တလေးကို လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းခွင့်ရခဲ့ကြောင်း၊ လျှပ်စစ်ဥပဒေမှ နည်းဥပဒေများကို ဆက်လက် ရေးဆွဲရန်ရှိကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်သည့် ဥပဒေများ၊ နည်းဥပဒေများ ခေတ်စနစ်နှင့်အညီ လျော်ညီစွာ ပြုစုနေရသည့် အတွက် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ယခုမှ ဖွဲ့စည်းနိုင်ခြင်းဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာယနေ့အချိန်ထိ အချိုးမညီမမျှဖြစ်နေသေးကြောင်း၊ စီးပွားရေး အချက်အချာကျသည့် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အား သုံးစွဲမှုအမြင့် ဆုံး မဂ္ဂါဝပ် (၁၀၀၀)ကျော်နေ သည်ကို တွေ့ရကြောင်း၊ မန္တလေးမြို့၌ မဂ္ဂါဝပ် (၄၀၀)ကျော် သုံးစွဲနေကြောင်း၊ ယင်းမြို့ကြီး (၂)မြို့၏ ဓာတ်အားဖြန့်ဖြူးရေးကို ကော်ပိုရေးရှင်းများ ဖွဲ့စည်းပြီးသည့်အခါ အဓိကကျသည့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများကို လျော့ချပေးနိုင်လျှင် လျှပ်စစ်ဓာတ်အားမရှိသေးသည့် နေရာများ၌ လျှပ်စစ်ဓာတ်အားရရှိအောင် အထောက် အကူပြုနိုင်မည်ဖြစ် ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ရေအား၊ သဘာဝ ဓာတ်ငွေ့၊ လေစွမ်းအင်၊ နေစွမ်းအင်ကျောက်မီးသွေးစသည့် အရင်းအမြစ်များ ကို အသုံးပြုပြီး နည်းလမ်းမျိုးစုံနှင့် လျှပ်စစ်ဓာတ်အားရှာဖွေ ဆောင်ရွက်လျှက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် မြစ်ကြီး(၄)စင်းနှင့် မြစ်လက်တက်များမှ ရေအားလျှပ်စစ်မဂ္ဂါဝပ် (၁)သိန်းကျော် ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း၊ ယနေ့ဖွဲ့စည်းခဲ့သည့် ကော်ပိုရေးရှင်းနှင့် ပတ်သက်ပြီး ပြောရလျှင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ငွေစာရင်းအသစ်များဖွင့်လှစ်ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ဆေးပြီး ချိန်တွင် စာရင်းဟောင်းများ အပြီးပိတ်ခြင်း၊ ငွေသားလက်ကျန်၊ ဘဏ်လက်ကျန်၊ ပစ္စည်း လက်ကျန်၊ ပုံသေပိုင် ပစ္စည်းစာရင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ အတွက် လက်ကျန် ရှင်းတမ်းများ ရှင်းလင်းပြုစုခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ် ဓာတ်အားကော်ပိုရေး ရှင်း ဖွဲ့စည်းခြင်းသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်ရှိသော ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရေးနှင့် နိုင်ငံတော်၏ ဓာတ်အားခ၀င်ငွေများ မဆုံးရှုံးစေရေး အတွက် အဓိကထား၍ ဖွဲ့စည်းသော ကော်ပိုရေးရှင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment