Home

Wednesday, April 1, 2015

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ခန့်ထားသော လက်ထောက် ဆရာဝန်(သစ်လွင်)နှင့် သွားဘက် ဆိုင်ရာ (သစ်လွင်)များတာဝန်ပေးအပ်ပွဲပြုလုပ်


မကွေး၊ မတ် ၃၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခန့်ထားသော လက်ထောက် ဆရာဝန်(သစ်လွင်)နှင့် သွားဘက် ဆိုင်ရာ (သစ်လွင်)များ တာဝန်ပေးအပ်ပွဲပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သီတာလှနှင့် တိုင်းဒေ သကြီးကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်တို့ကအဖွင့်အမှာစကား ပြောကြား ပါသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက လက်ထောက်ဆရာဝန် များကိုယ်စား လက်ထောက် ဆရာဝန်(သစ်လွင်) များကိုယ်စား လက်ထောက်ဆရာဝန်(သစ်လွင်)တစ်ဦးအား အလုပ် တာဝန်ပေးအပ်လွှာများနှင့် သွားဘက် ဆိုင်ရာဆရာဝန်(သစ်လွင်) များကိုယ်စားသွားဘက်ဆိုင်ရာ ဆရာဝန် (သစ်လွင်)များကိုယ်စား သွားဘက် ဆိုင်ရာ ဆရာဝန် (သစ်လွင်)တစ်ဦးအား အလုပ်တာဝန်ပေး အပ်လွှာများပေးအပ်ကိုပေးအပ်ပါသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ လက်ထောက် ဆရာဝန် (သစ်လွင်)များနှင့် သွားဘက်ဆိုင်ရာဆရာဝန်(သစ်လွင်)များတက်ရောက်ကြ ကြောင်းသိရသည်။


No comments:

Post a Comment