Home

Saturday, October 4, 2014

မဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်-အောက်တိုဘာ ၎
နိုင်ငံတော်၏ မဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာထိတွေ့ ဆက်ဆံရေးတွင် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ပိုမိုရှိရန်ရည်ရွယ်ချက်ဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် မီဒီယာတို့မှ ကိုယ်စားလှယ်များ တက်ရောက် သည့် မဏ္ဍိုင်(၃)ရပ်နှင့်သတင်း မီဒီယာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။





ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)တို့က အဖွင့်ဆွေးနွေးပြောကြားပြီး ဦးဆောင် ဆွေးနွေးသူ အဖြစ် ဒေါက်တာအောင် ထွန်းသက်က ဆောင်ရွက်သည်။
ဆက်လက်၍ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများက သတင်းမီဒီယာ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲကို မဏ္ဍိုင်(၃)ရပ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ သတင်းမီဒီယာဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် သတင်းမီဒီယာတို့မှ စုစုပေါင်းကိုယ်စား လှယ်(၁၅၀) တက်ရောက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
ဆွေးနွေးပွဲဒုတိယနေ့ကို အောက်တိုဘာ(၅)ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် သတင်းမီဒီယာကဏ္ဍ အား မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် သတင်းမီဒီယာများမှ ဆွေးနွေးခြင်း၊ ထိုဆွေးနွေးရရှိမှုများ အပေါ်မူတည်၍ ရှေ့ လုပ်ငန်းစဉ်များပြုစုခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြမည်ဖြစ်ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ Deutsche Welle နှင့် International Media Support တို့နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment