Home

Saturday, October 4, 2014

တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီနှင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာန များ၏ ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် - အောက်တိုဘာ ၎
တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီနှင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများ၏ (၂/၂၀၁၄) အကြိမ်ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ (၃)ရက် မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရုံး အမှတ်(၁၁) ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ဆောင်၌ ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ပြည်သူ့ဆောက်
 


လုပ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြား ရေးမှူးနှင့် ဝန်ကြီးဌာနအသီးသီး၏ ဦးစီးဌာနများနှင့် လုပ်ငန်းအဖွဲ့ အစည်းများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီသည် နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရေး၊ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစေရေး၊ အလေအလွင့်နှင့် မသမာမှုများ ကင်းရှင်းစေရေးနှင့် စနစ်တကျ စီမံခန့်ခွဲအသုံးပြုနိုင်ရေး၊ "မူ" များဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် ဝန်ကြီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများ အားလုံးအဆင်ပြေချောမွေ့စေရန် အတွက် ကော်မတီသို့ အချိန်မီပေးပို့ပြီး တင်ပြရန်ရှိသည်များကို အချိန်မီတင်ပြကြရန် ပြောကြားသည်။
ထို့နောက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment