နေပြည်တော်၊ အောက်တိုဘာ ၎
အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အံ့ဇော်၊ မန္တလေးတိုင်း
အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ စာရင်းစစ်ချုပ်ဦးကျော်ဝင်းတို့နှင့်အတူ
ယမန်နေ့ည (၇)နာရီတွင် မန္တလေးတိုင်းဒေသကြီး မန္တလာသီရိ ဘောလုံး အားကစား ကွင်းတွင် ကျင်းပပြုလုပ်သော
မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည် နယ် ပြေးခုန်ပစ်ပြိုင်ပွဲ
ဗိုလ်လုပွဲများနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။
ရှေးဦးစွာ
တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သော အသက် (၁၈)နှစ်အောက် အမျိုးသား
မီတာ (၁၅၀၀) အပြေးပြိုင်ပွဲ၊ အလွတ်တန်းအမျိုးသမီး မီတာ (၄၀၀ × ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊
အသက် (၁၈)နှစ် အောက် အမျိုးသမီး မီတာ (၄၀၀ × ၄) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ အလွတ်တန်း
အမျိုးသားမီတာ (၄၀၀ × ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အသက် (၁၈)နှစ်အောက် အမျိုးသား
မီတာ (၄၀၀ × ၄) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပါသည်။
ဆက်လက်၍
ဗိုလ်လုပွဲများ ယှဉ်ပြိုင်ကစားအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အသက်(၁၈)နှစ်
အောက် အမျိုးသား မီတာ (၁၅၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော မကွေးတိုင်းဒေသကြီးအသင်းမှ
မောင်တင်မင်းထိုက်၊ ဒုတိယဆုရရှိခဲ့သော တနင်္သာရီ တိုင်းဒေသကြီး အသင်းမှ မောင်နိုင်သူစိုး၊
ပထမဆု ရရှိခဲ့သော နေပြည်တော် တိုင်း ဒေသကြီး အသင်း မှ မောင်ရှိုင်းအောင်တို့အား အားကစားနှင့်
ကာယပညာသိပ္ပံ (မန္တလေး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် မှ လည်းကောင်း၊
အလွတ်တန်း အမျိုးသမီး မီတာ (၄၀၀×၄)လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ တွင် တတိယဆုရရှိခဲ့သော
တနင်္သာရီ တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး အသင်း၊ ပထမဆု
ရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အသင်းတို့အား အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး
ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး မှလည်းကောင်း၊ အသက် (၁၈)နှစ်အောက်
အမျိုးသမီး မီတာ (၄၀၀×၄) လက်ဆင့်ကမ်း အပြေးပြိုင် ပွဲတွင် တတိယဆုရရှိခဲ့သော တနင်္သာရီ
တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိခဲ့သော မွန်ပြည်နယ်အသင်း၊ ပထမဆုရရှိခဲ့သော နေပြည်တော်တိုင်းဒေသကြီး
အသင်းတို့ အား မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးကျော်ဝင်းမှလည်းကောင်း၊ အလွတ်တန်း
အမျိုးသား မီတာ (၄၀၀×၄) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးအသင်း၊
ဒုတိယဆုရရှိခဲ့သော ကချင်ပြည်နယ်အသင်း၊ ပထမဆုရရှိခဲ့သော မွန်ပြည်နယ်အသင်းတို့အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အံ့ဇော်မှလည်းကောင်း၊ အသက် (၁၈)နှစ်အောက် အမျိုးသားမီတာ
(၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် တတိယ ဆုရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိခဲ့သော
မကွေးတိုင်း ဒေသကြီးအသင်း၊ ပထမဆုရရှိခဲ့သော နေပြည်တော်တိုင်းဒေသကြီးအသင်းတို့အား အလယ်ပိုင်း
တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်မှလည်းကောင်း၊ အမျိုးသား ပြေးခုန်ပစ်ပြိုင်ပွဲတွင်
ပထမ တံခွန်စိုက်ဒိုင်း ဆုရရှိသော မန္တလေးတိုင်း ဒေသကြီးအသင်းအား တံခွန်စိုက်ဒိုင်း၊
ဆင့်ပွားဒိုင်းနှင့် ငွေသားကျပ် (၁၀)သိန်းကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး
ဒေါက်တာဝင်းလှိုင်မှလည်းကောင်း၊ အမျိုးသမီး ပြေးခုန် ပစ်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆု
ရရှိခဲ့သော မွန်ပြည်နယ် အသင်းအား ပထမတံခွန်စိုက်ဒိုင်းနှင့် ငွေသားဆု ကျပ် (၁၀)သိန်းကို
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့်
ဆင့်ပွားဒိုင်းဆုကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသောင်းထိုက်တို့မှ ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။
အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊
ဒုတိယဝန်ကြီးဦးသောင်းထိုက်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၆)နာရီက
မန္တလေးတိုင်း ဒေသကြီး မန္တလာသီရိဘောလုံး အားကစား ကွင်းရှေ့၌ ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲနှင့် မီနီမာရသွန်ပြိုင်ပွဲ တာလွှတ်ခြင်းနှင့် ဆုပေးပွဲအခမ်းအနားသို့
တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ
စက်ဘီးပြိုင်ပွဲနှင့် မီနီမာရသွန်ပြိုင်ပွဲအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးရဲမြင့်မှ သေနတ်ပစ်ဖော်၍ တာလွှတ်ပေးခဲ့ပြီး ပြိုင်ပွဲခရီးစဉ်တစ်လျှောက် အားကစားသမားများ
ယှဉ်ပြိုင်နေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍
ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အသက် (၄၀)နှစ်အောက် စက်ဘီးပြိုင်ပွဲတွင် ဆုရရှိ သူများအား
တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးကျော်ဝင်းမှ ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပါသည်။
အသက် (၄၀)နှစ်အောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်မှ
ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပါသည်။
အသက်(၄၀)နှစ်အထက်
စက်ဘီးပြိုင်ပွဲတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီး ဘဏ္ဍာရေး ဝန်ကြီး ဒေါက် တာ မြင့်ကြူနှင့်
မြန် မာနိုင်ငံ အိုလံ ပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်း
ထိုက်တို့မှ ဆုတံဆိပ်နှင့် ငွေသားဆု များချီးမြှင့်ကြပါသည်။
ထို့နောက်
အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီးလျှပ်စစ်နှင့်
စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တို့မှ ဆုတံ ဆိပ်နှင့် ငွေသားဆုများချီးမြှင့်ခဲ့ပါသည်။
အမျိုးသား
မီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်၊ စည်ပင်
သာယာရေး ဝန်ကြီး ဦးအောင်မောင်းနှင့် ဝန်ကြီးချုပ် ဦးရဲမြင့်တို့မှ ဆုတံဆိပ်နှင့် ငွေသားဆုများ
ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လှုမှုရေးဝန်ကြီးတို့သည်
၂၀၁၄ ခုနှစ် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည်နယ်
ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက်
ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အား
ပြိုင်ပွဲဝင် အသင်းမျိားမှ အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုကာ အလေးပြုကြပြီးနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ယခင်တိုင်းဒေသကြီးနှင့် ပြည်နယ်
အားကစားပြိုင်ပွဲများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့၌သာ ကျင်းပခဲ့ပြီး ယခုအခါ
တိုင်းဒေသကြီးနှင့်ပြည်နယ်တွေအလိုက် အားကစား ပြိုင်ပွဲများကို ခွဲဝေကျင်းပသည့် အစီအစဉ်ကို
ယခုနှစ်တွင် စတင်ခဲ့ပါကြောင်း၊ ယခုလို ကျင်းပပေးခြင်းဖြင့် ဒေသတစ်ခုနှစ် တစ်ခု မတူကွဲပြားသော
ဒေသန္တရ ဗဟုသုတများ ရရှိတိုးပွားစေသည့်အပြင် အားကစား သမားအချင်းချင်း သွေးစည်းညီညွန်မှုရရှိကာ
ဒေသတွင်း အားကစားနည်းများကိုလည်း ပိုမိုတိုးတက်စေပြီး စိတ်ပါဝင်စား လာစေခြင်းဖြင့် ထူးချွန်သော
ရွက်ပုန်းသီး အားကစားသမားများ၊ ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များပေါ်ထွက် လာစေမည်
ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲအား နိုင်ငံတော်မှ ချမှတ်ထားသည့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊
တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိလာပြီး ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်ပေးနိုင်ရန်၊
ထူးချွန် ထက်မြက်သော သွေးသစ်လောင်းနိုင်မည့် မျိုးဆက် သစ် အားကစားသမားများ ပေါ်ထွက် လာစေရန်၊
ပြောင်းလဲတိုးတက်နေ သည့် အားကစားနည်း စနစ်များကို အမြင်ချင်းဖလှယ် ရယူရန်၊ အားကစားနည်း
တစ်ခုခုကို စိတ်ပါဝင်စားစွာ ကစားခြင်းဖြင့် လူငယ်/လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံလာပြီး
ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွလာစေရန်၊ အရှေ့တောင် အာရှအဆင့် မှ နိုင်ငံတကာအဆင့်များတွင်
နိုင်ငံ့ဂုဏ်ဆောင် နိုင်မည့်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန် ဟူသော ရည်ရွယ်ချက်များဖြင့်
ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီး ကို
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် သစ်ကြီး အဖြစ်
ရောက်ရှိလာရေး အတွက် ရုပ်အားဖြင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်းကောင်း
အစွမ်းကုန် ပံ့ပိုး ပေးလျက်ရှိရာတွင် မြန်မာ့အားကစား အဆင့်အတန်ြး မင့်မားရေး၊ နိုင်ငံတကာ
အားကစားပြိုင်ပွဲများ တွင် အောင်မြင်မှုများ ရရှိရေးအတွက် တစ်မျိုးသားလုံး လူထုလှုပ်ရှား
မှုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိပါကြောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်
အာရှ အားကစားပြိုင်ပွဲတွင် ရိုးရာလှေလှော်အားကစားနည်းဖြင့် ရွှေတံဆိပ် (၂၀)ခု၊ ငွေတံဆိပ်
(၈)ခု၊ ကြေးတံဆိပ် (၆)ခု ဆွတ်ခူးပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ (၂၈)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးတွင်လည်း ဆုတံဆိပ်များ ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း၊ အားကစား သမားများ အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားနေစေရေးတွက်
မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်နှင့် ကြိုးစားစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးမှ ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မြန်မာ့အားကစား
အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် မြန်မာ့ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်
(၂၀)ခု၊ ငွေတံဆိပ် (၈)ခု၊ ကြေးတံဆိပ် (၆)ခုဖြင့် အရှေ့တောင်အာရှအဆင့်တွင် နိုင်ငံအလိုက်
ဒုတိယအဆင့်သို့ ရောက်ရှိမှုအား တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင် ခဲ့ကြောင်း၊ လှေလှော်အားကစားအနေဖြင့်
အရှေ့တောင် အာရှနိုင်ငံများ အလယ်တွင် အခြားပြိုင်ပွဲဝင်နိုင်ငံများမှ အားကျဂုဏ်ယူ လောက်သည်အထိ
အောင်မြင်မှုများ ရရှိခဲ့သော်လည်း အရှေ့တောင်အာရှ အဆင့်မှ အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ
တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်ရဲ့ အားကစားအောင်မြင်မှု ကို
သွေးသစ်လောင်းနိုင်မည့် ငယ်ရွယ်နုပျိုသည့် လူငယ်အားကစား သမားများကို ယခုလို ပြိုင်ပွဲများမှ
ရွေးချယ်၍ ရေတိုရေရှည် စီမံချက် များဖြင့် နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းတွင်
လေ့ကျင့်စေကာ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း
ရှင်းလင်းပြောကြားပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး၊
တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ကာ
ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍
(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့် လျှက်ရှိသော
မြန်မာ့ လက်ရွေးစင် ရိုးရာလှေလှော် အားကစား သမားများ၏ သရုပ်ပြနေမှုများနှင့် တိုင်းဒေသကြီး
နှင့် ပြည်နယ် အသင်းများ ယှဉ်ပြိုင်နေကြမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment