ဟားခါး
အောက်တိုဘာ ၂
အခြေခံလူဦးရေစာရင်း ကိန်းဂဏန်းများ မှန်ကန်ရေးကို
ရည်ရွယ်လျက် မွေးဖွားမှုမှတ်ပုံတင်ခြင်း ရက်သတ္တပတ် လှုပ်ရှားမှု စီမံချက်ဆောင်ရွက်ရေး
ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌
ကျင်းပသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ချင်းပြည်နယ်
အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က တက်ရောက်အမှာစကား
ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးရမ်မန်းက
ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။
ထို့နောက် ယူနီဆက်တာဝန်ခံ ကိုယ်စားလှယ်
ဦးပြောင်ဆွင်းမုန်က မွေးဖွားမှုမှတ်ပုံတင်ခြင်း ရက်သတ္တပတ် လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊
ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမန်းဗျက်ကုန်က မွေးဖွားမှု မှတ်ပုံတင်ခြင်း လုပ်ငန်းများ
လက်ရှိအခြေအနေများ ကိုလည်းကောင်း၊ ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား
မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်ဝင်းနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ လက်ထောက်
ညွှန်ကြားရေးမှူး ဒေါ်ခင်သောင်းဦးတို့က ရက်သတ္တပတ်အတွင်း ဆောင်ရွက်မည့် အစီအစဉ်များကို
အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များက
မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း
သိရသည်။
No comments:
Post a Comment