ရန်ကုန် အောက်တိုဘာ
၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ ၏ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာနှင့်ဇနီး တွဲဖက် ပါမောက္ခနာရာပွန်ချန်အိုချာ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နံနက်(၁၀)နာရီ(၁၀) မိနစ်တွင် ရွှေတိဂုံစေတီတော် ဧည့်ခံတန်ဆောင်းရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးပြီး စေတီ တော်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်ပူဇော်ဖူးမြော်ကြည်ညိုကြကာ ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံး၌ မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ထို့အတူ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ဇနီးနှင့်အဖွဲ့သည် နံနက်(၁၁)နာရီတွင် ထိုင်းနိုင်ငံမှလှူဒါန်းထားသော Thai Study Center အတွင်း၌ပြသထားသည့် ထိုင်းရိုးရာဝတ်စုံများ၊ ထိုင်းယဉ်ကျေးမှုနှင့်ဘာသာရပ်ဆိုင်ရာ စာအုပ်များကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့နောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ(၂)နာရီ မိနစ် (၄၀)တွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဇနီးဒေါ်ခင်ဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ ဒေါ်ခင်သက်ဌေးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။
No comments:
Post a Comment