Home

Friday, October 10, 2014

အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၏ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော်  အောက်တိုဘာ  ၁၀
 အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများ၏ အကြိုညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ The Lake Garden Hotel ၌် အောက်တိုဘာ(၁၀)ရက်တွင် ကျင်းပသည်။ အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ အဆင့်မြင့် စီးပွားရေး အရာရှိများ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ် စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိ ဒေါ်သန်းသန်းလင်းက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက် သည်။

အကြိုညှိနှိုင်းအစည်းအဝေးတွင် နိုဝင်ဘာလ၌ ကျင်းပမည့်(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြမည့် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ၏ အစီရင်ခံစာ၊ စီးပွားရေးဖွံ့ဖြိုးမှု မျှတသော အာဆီယံမူဘောင် အကောင်အထည် ဖော်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေးအစီရင်ခံစာ၊ အာဆီယံနိုင်ငံ များအတွက် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက်မှု မူဘောင်ရေးဆွဲရေးနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း ၂၀၁၅ ခုနှစ်အလွန်မူဘောင် ရေးဆွဲရေးတို့ကို ဆွေးနွေးညှိနှိုင်းကြသည်။ ထို့ပြင်(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်မည့် သဘာပတိကြေညာချက်တွင် ထည့်သွင်းဖော်ပြမည့် အာဆီယံ စီးပွားရေးမဏ္ဍိုင်၏ အချက်အလက်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များသည် အောက်တိုဘာ(၁၁)ရက်တွင် Grand Amara Hotel   ကျင်းပမည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ပူးတွဲ အကြိုညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက် ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment