Home

Saturday, October 11, 2014

အများပြည်သူသို့ အသိပေး ပန်ကြားခြင်း



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန် ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အား လိုင်းများနှင့် မလွတ်သော သစ်ပင်/ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ၁၁-၁၀-၂၀၁၄ရက်နေ့တွင် ရွှေပေါက်ကံ၊ ဒဂုံ(တောင်) မြောက်ဥက္ကလာပ၊
တာမွေ၊ ဒဂုံ(အရှေ့) ဒဂုံ(ဆိပ်ကမ်း) တောင်ဥက္ကလာပ၊ ရန်ကင်း၊ ဗိုလ်တထောင်၊ သာကေတ၊ ကျောက်တံတား၊ လသာ၊ လမ်း မတော်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ သုံးခွ၊ တံတား၊ ခရမ်း၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ တိုက်ကြီး၊ ထန်းတပင်၊ ဖောင်ကြီးမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် ၀၉း၀၀နာရီမှ ၁၂း၀၀နာရီအတွင်း လည်းကောင်း၊ ၁၂း၀၀နာရီမှ ၁၅း၀၀နာရီအတွင်း လည်းကောင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။
၁၂-၁၀-၂၀၁၄ရက်နေ့တွင် ဒဂုံ(တောင်) မြောက်ဥက္ကလာပ၊ ဒဂုံ (အရှေ့) ဒဂုံ(ဆိပ်ကမ်း) သာကေတ၊ ဒေါပုံ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ သန်လျင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒါးပိန်၊ အဖျောက်မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် ၀၉း၀၀နာရီမှ ၁၂း၀၀နာရီအတွင်း လည်းကောင်း၊ ၁၂း၀၀ နာရီမှ ၁၇း၀၀နာရီ အတွင်း လည်းကောင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။ ယင်းသို့ ဓာတ်အား ဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်းရှိ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ပုံမှန်မဖြစ်မနေဆောင်ရွက် ရန်လိုအပ်သည့် လုပ်ငန်းဖြစ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေး အခက်အခဲများ ပေါ်ပေါက်နိုင်မှု အပေါ် နားလည် ခွင့်လွှတ်ပါရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ အများပြည်သူသို့ အသိပေး ပန်ကြား အပ်ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့

No comments:

Post a Comment