မေတ္တာ စက်တင်ဘာ ၁၂
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ အ.ထ.က ကျောင်း အစည်းအဝေး ခန်းမ
တွင် (၁၁-၉-၂၀၁၄)ရက်နေ့ နံနက်(၉း၃၀)တွင် အင်္ဂလိပ်ဘာသာ ကျဘန်းစကားပြော (Ehtempore Talk And
Reciting Poems) ပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မေတ္တာမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကား
ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချို ကအင်္ဂလိပ်ဘာသာ စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
အဆိုပါ ပြိုင်ပွဲ တွင် မေတ္တာမြို့ အ.ထ.က ကျောင်းမှ (မူလတန်း/အလယ်တန်း/အထက်တန်း) ကျောင်းသား/သူ (၂၀)ဦး
ပါဝင်ယှဉ်ပြိုင်ပြီး ဌာနဆိုင်ရာများ ၊ကျောင်းအကျိုးတော်ဆောင်ကော်မတီ
အဖွဲ့ဝင်များ ကျောင်းသားမိဘများ နှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့်
တက်ရောက်အားပေးခဲ့ကြောင်းသတင်းရ ရှိပါသည်။
No comments:
Post a Comment