Home

Friday, September 12, 2014

ပုလောမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြိတ် စက်တင်ဘာ ၁၀ ရက်
ပုလောမြို့တွင် ပြည်သူများ အသိပညာတိုးပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်၍ မြို့ပေါ် ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံး များအား စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်း ပေးလျက်ရှိသည်။

ပြည်သူများ အကြား ကွင်းဆင်း၍ နယ်လှည့်စာကြည့်တိုက်ဖွင့်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကြောင့် ပြည်သူများမှာ များစွာလွယ်ကူ အဆင်ပြေစွာ စာအုပ်ဖတ်ရှုရသဖြင့် ကျေနပ်အားရလျက်ရှိကြကြောင်း သိရှိရသည်။
ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စက်တင်ဘာလ(၁၀) ရက် နေ့လည်ပိုင်း တွင် ပုလောမြို့ အမှတ်(၃)ရပ်ကွက်အတွင်း ကွင်းဆင်း၍  သုတ/ ရသ စာအုပ် စာစောင် များကို စာဖတ် ပရိသတ် လက်ထဲသို့  အခမဲ့ငှားရမ်း ဆောင်ရွက်ပေလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာပေဖတ်ရှုလိုသူများအား စာအုပ်ငါးရမ်းရန်နှင့် အသင်းဝင်ရန် မည်သည့်ထောက်ခံချက်မှ မလိုဘဲ အမည်စာရင်းပေးသူအား တစ်ဦးလျှင် တစ်အုပ်ကျဖြင့် ငှားရမ်းဖတ်ရှုနိုင်ရန် လုပ်ဆောင်ပေးလျက်ရှိသည်။

ငှားရမ်းပေးခဲ့သော စာအုပ်များအား တစ်ပတ်စ်ကြိမ် လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

No comments:

Post a Comment