Home

Sunday, August 24, 2014

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူများ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီတို့မှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ များကို တွေ့ဆုံ




မန္တလေး  သြဂုတ်  ၂၄
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့သည် ယနေ့နံနက် နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီတို့မှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် မန္တလေးမြို့၌ ဖြစ်ပေါ်လျှက်ရှိသော ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှု များ၊ မှုခင်းဖြစ်ပေါ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကိစ္စရပ်များ လျော့နည်းပပျောက်စေရေးအတွက် ဦးစွာပြောကြားသည်။ ယင်းနောက် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လျှင်မြန်စွာ စီမံဆောင်ရွက်သွားရန်၊ ကိုယ့်အရပ် ကိုယ့်ဒေသနှင့် ကိုက်ညီသော စနစ်များကို ရေးဆွဲကျင့်သုံး ကြရန်၊ ဗဟိုမှ ချုပ်ကိုင်မှုများ လျော့ချပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသကဲ့သို့ ပြည်သူများနှင့် တိုက်ရိုက်ဆက်ဆံနေရသော အောက်ခြေဝန်ထမ်းများအနေဖြင့်လည်း လိုက်ပါဆောင် ရွက်ကြရန်၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ပညာသင်ကြားရေးကိစ္စရပ်တွင် မိဘနှင့်ဆရာတို့ ပူးပေါင်း ပြီး ပညာသင်ကြားရေးကို အမှန်တကယ်အထောက်အကူပြုသည့် စနစ်ကောင်းဓလေ့ကောင်းများ ဖြစ်ပေါ် လာရေးအတွက် စဉ်ဆက်မပျက် တွေ့ဆုံညှိနှိုင်းတိုင်ပင်ကာဆောင်ရွက်ရန်ပြောကြားခဲ့သည်။
ဆက်လက်ပြီး မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးရေးအထောက် အကူပြု ကော်မတီများမှ တာဝန်ရှိသူများက မြို့နယ်အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ ပြုပြင်ရန်လိုအပ်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးများက ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။                                                                                                                         

No comments:

Post a Comment