Home

Monday, August 25, 2014

လူငယ်အိုလံပစ် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ငွေတံဆိပ်ရရှိ


နေပြည်တော်   ဩဂုတ်  ၂၄
၂၀၁၄ ခုနှစ် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို ဩဂုတ် (၂၃)ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်ကျင်းမြို့၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲ၏ ဝူရှူးအားကစားပြိုင်ပွဲ(အမျိုးသမီး) နန်းချွမ်၊ နန်းသောင်း(၂)မျိုးပေါင်းပြိုင်ပွဲတွင် ဗီယက်နမ် နိုင်ငံက ပထမ၊ မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က ဒုတိယနှင့် ကနေဒါနိုင်ငံမှ တတိယရရှိကြသည်။
ဆုပေးပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် Mr. YU  ZAIQING  (Vice-President  of  the        International  Olympic  Committee, President  of  International  Wushu  Federation) အား နှုတ်ဆက်စကား ပြောကြားပြီး လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးက မြန်မာဝူရှူးအားကစားသမားများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ငွေတံဆိပ်ရရှိခဲ့သော မအေးသစ္စာမြင့်နှင့် Men'  GUNSHU ပြိုင်ပွဲတွင် အဆင့်(၆)ရရှိခဲ့သည့် မောင်စိန်သီဟအောင် အား တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment