Home

Thursday, September 19, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ UNHCR ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၁၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဌာနေကိုယ်စားလှယ် Mr. Johan Cels အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် UNDP နှင့် UNHCR တို့မှ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ ပြည်ဝင်ဗီဇာ အဆင်ပြေစွာရရှိရေးနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောဒေသသို့ ကွင်းဆင်းလေ့လာ မှုများအဆင်ပြေရေးအတွက် ဆောင်ရွက်ပေးနေမှု၊ နေရပ်စွန့်ခွာသွားသူများ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံ MoU ရေးထိုး ဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေး လုပ်ငန်းဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အထိ အောင်မြင်မှု မရရှိသေးမှု၊ နေရပ်စွန့်ခွာသွားသူများအနက် MoU အရမဟုတ်ဘဲ ၎င်းတို့ သဘောဆန္ဒအရ ပြန်လည်ဝင်ရောက် လာသူများအား ပြန်လည် နေရာချထားပေးမှု၊ မိမိတို့ဘက်မှ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေသော်လည်း တစ်ဘက်နိုင်ငံဘက်မှ လုပ်ငန်းစီစဉ် ပေးရန် ပျက်ကွက်ခဲ့မှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ IDP စခန်းများမှ ဟိန္ဒူဘာသာဝင် (၄၄၄) ဦး ပြန်လာရန် ရှိသော်လည်း ခက်ခဲကြန့်ကြာနေမှုနှင့် ၎င်းတို့အနက် အချို့မှာ မြန်မာနိုင်ငံသား အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုး ရရှိပြီးသူများဖြစ်၍ အမြန်ဆုံးပြန်လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချရ သည့်နေရာတွင် ပြန်လည်နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပြန်လည် ဝင်ရောက်လာသူများ ရေရှည်ရပ်တည် နိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံပူးတွဲ အကောင်အထည် ဖော်ရေးအဖွဲ့ (JWG) အချင်းချင်း မကြာခဏထိတွေ့၍ အစည်းအဝေးများကျင်းပကာ လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရန် လိုအပ်မှုများ၊ မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေးလုပ်ငန်း အသင့်ပြင် ဆင်ဆောင်ရွက်ထားရှိ မှုများနှင့် ပတ်သက်၍ UNHCR မှ ညှိနှိုင်းပူးပေါင်းပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment