နေပြည်တော် စက်တင်ဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ
မဟာမင်းကြီးရုံး (UNHCR) မှ ဌာနေ ကိုယ်စားလှယ် Mr. Johan Cels နှင့်
မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး မစ္စတာ ဟိုင်းဒါခရမ် ဒီဗန်လယ်အိုလူ
တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေး
ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
UNHCR ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး ဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များ သွားရောက် ခဲ့ပြီးနောက် သတင်းအချက်အလက် ဝေမျှမှု၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်၊ UNHCR နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပမည့်(၇၀)ကြိမ်မြောက် Excom အစည်းအဝေးသို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်၍ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံဆွေးနွေး မည့် အခြေအနေများကို ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်နေမှု၊ အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြုံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ အလိုက် လုပ်ငန်းစီမံချက်များဖြင့် စီစဉ်ဆောင်ရွက်နေမှု၊ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အတည်ပြုပြီးဖြစ်၍ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ ဆက်လက်ရေးဆွဲဆောင်ရွက်နေမှု၊ တူရကီနိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေး ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment