နေပြည်တော် စက်တင်ဘာ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်
Terre des hommes- Lousanne(Tdh-L) တို့ ပူးပေါင်းဆောင်ရွက်သည့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးစီမံချက်
အသိပေးမိတ်ဆက်ခြင်းအခမ်း အနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်
ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့်
အခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံ နှုန်းများနှင့်ကိုက်ညီမှုရရှိအောင်
မူဝါဒများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ ရှေးဦးဘဝ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက် ရေး အတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဥပဒေ (ECCD Law)နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ
(Child Right Law)များကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို
အပြည့်အဝရရှိအောင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်
ရွက်ရန်လိုအပ်ကြောင်း၊ ဆက်လက်၍ ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံချက်ပါ လုပ်ငန်း
တစ်ခုဖြစ်သည့် ကလေးသူငယ်များသည် မိသားစုနှင့်သာကြီးပြင်းနေထိုင် သင့်သည့်အတွက် မိသားစုပြန်လည်ပေါင်းစည်းရေးစီမံချက်၊
မိရင်းဖရင်းများနှင့် အတူနေ ထိုင်ခွင့်မရသည့် ကလေးသူငယ်များအတွက် မိဘအရင်းသဖွယ် ယာယီအစားထိုး
စောင့်ရှောက်ရေး စီမံချက်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အခွင့်အရေးများ
ရရှိစေရန်အတွက် ကလေးသူငယ်တရား စီရင်ရေးစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း။
ယနေ့အခမ်းအနားကိုတက်ရောက်လာကြသည့်တာဝန်ရှိသူများအနေဖြင့်
ကလေးသူငယ်များ ရှေးဦးဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ကလေးသူငယ်များမသိနားမလည်၍ ကျူးလွန်မှုများ
ကိုထပ်မံမဖြစ်ပေါ် စေရေး၊ ပြန်လည်ထူ ထောင်ရေး၊ ကလေးသူငယ်များအား သင်တန်းကျောင်း/ဂေဟာများသို့
အကြိမ်ကြိမ် ထပ်မံ မရောက်ရှိစေရေး၊ မိသားစုအုပ်ထိန်းသူများနှင့်အတူတကွကြီး ပြင်းနေထိုင်နိုင်ရေးအတွက်
ကလေးသူငယ် များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် စီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေး
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန် ပြောကြားသည်။
ဆက်လက်၍ EU သံအမတ် Mr. Kristian Schmidt က လူတိုင်းသည် ကလေးဘဝကို ဖြတ်သန်းခဲ့ရသူများ
ဖြစ်ပါကြောင်း၊ ကလေးများ၏ အခွင့်အရေးကို တန်းတူညီမျှခံစားရရှိစေနိုင်ရေး၊ ကုလသမဂ္ဂကလေးသူငယ်
အခွင့်အရေးများဆိုင်ရာ Convention ပါ ကလေးသူငယ် အခွင့်အရေးများကိုလည်း ဝိုင်းဝန်းဖြည့်ဆည်း
ပေးကြရန်အတွက် နိုင်ငံတော်အနေနှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းကို
ကြိုဆိုပါ ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်
ကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော
ကလေးသူငယ်များက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာပြဇာတ်ကို ကပြဖျော်ဖြေခဲ့ကြပြီး
စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ EU သံအမတ်ကြီးနှင့်
Tdh-L မှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ကလေးသူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment