Home

Wednesday, September 18, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ  ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်အဖွဲ့အား    ယ​နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီကျင်းပနိုင်ရေးဆောင် ရွက်နေမှု၊ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) အရလုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်နေသည့် အခြေအနေ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအတွက် ပြည်ပအဖွဲ့ အစည်းများအားဖိတ်ကြားမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးပူးပေါင်း ကူညီဆောင် ရွက်နိုင်မည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

  ( သတင်းစဉ်)


No comments:

Post a Comment