ရန်ကုန် ဇွန် ၁၃
ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပမည့်
ရန်ကုန်တိုင်းဒေသကြီး မဏ္ဍိုင် (၄) ရပ်တွေ့ဆုံပွဲတွင် မီဒီယာ ကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့်
တိုင်းဒေသကြီးအစိုးရလက်အောက်ရှိ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများအနေဖြင့်
အခွင့်အခါ အလျောက် သတင်းစာရှင်းလင်းပွဲများနှင့် ပွင့်လင်းမြင်သာစွာ မီဒီယာချပြရေး
လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးနိုင်ရေး အထူးဆွေးနွေး တင်ပြသွား မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ ဦးအုန်းကြိုင်)က
ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်
ပူးမားဟိုတယ် Grand Center Point Ballroom ၌ ကျင်းပ သော ရန်ကုန် တိုင်းဒေသကြီး မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ
အကြိုညှိနှိုင်း အစည်းအေ ဝးတွင် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌက မီဒီယာများ
အား အထက်ပါအတိုင်း ပြောကြားခဲ့သည်။
''တိုင်းဒေသကြီး အစိုးရအပါအဝင် မဏ္ဍိုင်(၄)ရပ်
တွေ့ဆုံပွဲမှာ အဓိက ပြည်သူများ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေကို
ပွင့်လင်းမြင်သာ စွာ ချပြဖို့နဲ့ အခွင့်အခါသင့်ရင် သင့်သလို မီဒီယာရှင်းလင်းပွဲတွေ
ကျင်းပ ပေးဖို့ အဓိကတောင်း ဆိုမှာပါ။ အရင်ခေတ် ကတောင် အခုလို မီဒီယာရှင်းလင်း
ပွဲတွေကို သူ့သက် ဆိုင်ရာ ဌာနတွေ အနေနဲ့ တစ်ပတ်တစ်ခါ၊ ၁၅ ရက်တစ်ခါ လုပ်တာတွေ
ရှိခဲ့တယ်။ ခုနောက်ပိုင်း အဲဒီလို ရှင်းလင်းပွဲတွေ လည်းပျောက်၊
ပြောရေးဆိုခွင့်ရှိသူတွေလည်း မထား တော့ မီဒီယာအမှောင်ချသလို ဖြစ်နေ တယ်။ ဒါတွေကို
ကျွန်တော်တို့ မီဒီယာ တွေ အနေနဲ့ အဓိကထား တင်ပြဆွေးနွေး သွားမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်း ကြိုင်က ပြောကြားသည်။
တက်ရောက်
ရန်ကုန်တိုင်းဒေသကြီး မဏ္ဍိုင် (၄)ရပ် တွေ့ဆုံပွဲကို ဇွန် ၁၄
ရက် (ယနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပူးမား ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ပြီး
အဆိုပါ အခမ်းအနား သို့ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန်
ရှိသူများ၊ ဥပဒေပြုရေးမဏ္ဍိုင်မှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊
တရားစီရင်ရေးမဏ္ဍိုင်မှ တိုင်းဒေ သကြီး အဆင့် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ
မီဒီယာကဏ္ဍမှ တာဝန်ရှိသူ များ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ မဏ္ဍိုင်(၄)ရပ် တွေ့ဆုံ ပွဲတွင် မီဒီယာများအနေဖြင့်
ကဏ္ဍအလိုက် ပြည်သူများ သိသင့်သိထိုက် သော အချက်များဖြစ်သည့် အုပ်ချုပ်ရေး မဏ္ဍိုင်၊
တရားစီရင်ရေး မဏ္ဍိုင်၊ ဥပဒေပြု ရေးမဏ္ဍိုင် စသည်တို့နှင့် ပတ်သက်၍ လည်းကောင်း၊
အစိုးရအဖွဲ့ တာဝန်ရှိသူ များအနေဖြင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူများ
သိသင့် သိထိုက် သည့်အချက်များကို ပွင့်လင်းမြင်သာစွာ မီဒီယာများမှတစ်ဆင့်
ကြားသိနိုင်ရေး အထူးဆွေးနွေး တင်ပြ သွားမည်ဖြစ် ကြောင်း သိရသည်။
စိန်လွင်အောင်

No comments:
Post a Comment