Home

Thursday, December 21, 2017

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမေရိကန် သံအမတ်ကြီးအား တွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုသည် အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marcie အား ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 တွေ့ဆုံစဉ် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။     
(သတင်းစဉ်)

No comments:

Post a Comment