Home

Thursday, December 21, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ(၂) နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ဒေသနှင့် ပတ်သက်၍ အစိုးရ၏ ဆောင်ရွက်နေမှုများနှင့် နိုင်ငံ တကာ၏ အမြင်များ၊ မကြာမီက ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် (၂)ဦး၏ အခြေအနေ၊ အဆိုပါ ဖမ်းဆီးထားမှုအပေါ် ပြန်ကြားရေးဝန်ကြီး၏ အမြင်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား စသည်တို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment