Home

Sunday, December 24, 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ မာန်အောင်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မာန်အောင် ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် မာန်အောင်မြို့နယ်ခန်းမ၌ မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားပြီး မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ အချက်အလက်များကို အသေးစိတ်ရှင်းလင်းတင်ပြကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပညာရေးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်ပညာရေး၊ ပြည်နယ်စည်ပင်သာယာရေး၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ရှင်းလင်းဖြေကြား ဆွေးနွေးကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းတည့် ၁၂ နာရီတွင် ၂၀၁၇-၂၀၁၈  ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် အထက(သစ်ပုံရွာ) ကျောင်း၌ ပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို ပညာရေးမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘများနှင့် တွေ့ဆုံဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် မာန်အောင်မြို့နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ပုံအုပ်စု ကြက်ရိုးကျေးရွာ ကျွန်းပတ်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၉/၄-၆ ကြားကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ စမုံတဲလေယာဉ်ကွင်း တိုးချဲ့မြေနေရာ ဆောင်ရွက်မှုအားလည်းကောင်း၊ မာန်အောင်မြို့ပေါ်ရှိ ရုံးတက်လမ်းကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှု များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။         

မာန်အောင်မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment