Home

Thursday, February 5, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေး အမေရိကန် ပြည်ထောင်စု၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရိုမှ အကြီးတန်း ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်  ဖေဖော်ဝါရီ ၄ ရက်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အမေရိကန် ပြည်ထောင်စု၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရိုမှ အကြီးတန်းဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် ဒုတိယ အတွင်းဝန်/ ဒုတိယ ကောင်စစ်ဝန် Mr. Jeffrey Warner တို့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၃ ခုနှစ်မှစ၍ မဟာဗျူဟာ စီမံကိန်း ရေးဆွဲ ဆောင်ရွက်နေမှု၊  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နည်းဥပဒေများ ပြင်ဆင် ရေးဆွဲရာတွင် နိုင်ငံရေးပါတီများ၊ CSO များသို့ ချပြ၍ အကြံပြုချက်များ ရယူ ဆောင်ရွက်ခဲ့မှု၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် Voter Education , Voter Training များကို စီစဉ် ဆောင်ရွက်နေမှု၊  နိုင်ငံတကာ Observer များအား ဖိတ်ခေါ် သွားရန် စီစဉ်ထားမှုတို့အား ရှင်းလင်း ပြောကြားပါသည်။
အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးတို့က ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ ဖြစ်ရေး ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အပေါ် ကူညီ ဆောင်ရွက်ပေးမှုများ၊ နိုင်ငံတကာ Observer များအား ဖိတ်ခေါ်မည့် အစီအစဉ် တို့နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အဖွဲ့ဝင် များဖြစ်ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကိုနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment