Home

Wednesday, February 4, 2015

KIA (ကချင်) အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရ

နေပြည်တော် ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ် တနိုင်းမြို့တွင်နေထိုင်သော ဦးဇင် ဝင်း(ခ)ဇင်ဝိုင်း (၂၇ နှစ်)နှင့် မောင်ဖိုးချို(၁၈နှစ်)တို့ နှစ်ဦးသည် ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင်
တနိုင်း ချောင်းအတွင်း ငါးရှာရန်အတွက် စက်လှေဖြင့် ထွက်ခွာ ခဲ့ပြီး ည ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် တနိုင်းမြို့ အနောက် ဘက် တစ်မိုင်ခန့်အကွာသို့ရောက်ရှိစဉ် KIA (ကချင်) အဖွဲ့က လိုက်လံဖမ်းဆီးခြင်းကြောင့် စက်လှေအား မောင်း နှင်ထွက်ပြေးခဲ့ရာ KIA (ကချင်)အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် မောင်ဖိုးချိုအား ဖမ်းမိကာ ဦးဇင်ဝင်း(ခ) ဇင်ဝိုင်းမှာ ထွက်ပြေး လွတ်မြောက် ခဲ့သည်။
ထွက်ပြေးလွတ်မြောက်ခဲ့သော ဦးဇင်ဝင်း(ခ)ဇင်ဝိုင်း မှာ KIA (ကချင်)အဖွဲ့၏ ပစ်ခတ်မှုကြောင့် ညာဘက် ခါးတွင် ဒဏ်ရာရရှိခဲ့ပြီး တနိုင်းမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသလျက်ရှိရာ တပ်မတော်မှ တာဝန်ရှိ သူများက သွားရောက်၍ အားပေး စကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။


No comments:

Post a Comment