Home

Wednesday, February 4, 2015

ပူးတွဲသတင်းထုတ်ပြန်ချက်

စီးပွားဆက်ဆံမှုပိုမိုခိုင်မာစေရေးအတွက် စင်ကာပူ - မြန်မာ ဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီလုပ်ငန်းများ ပြန်လည်စတင်မည်

၁။ စင်ကာပူနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်အတွက် နှစ်နိုင်ငံဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်း ကော်မတီ၏ လုပ်ငန်းများကို ယခုနှစ်တွင် ပြန်လည်စတင်မည်ဖြစ်ပါသည်။
၂။ နှစ်နိုင်ငံဝန်ကြီးအဆင့် ပူးပေါင်းကော်မတီကို နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ပိုမိုဖြစ်ထွန်းစေရေးအတွက် ၁၉၉၅ ခုနှစ်တွင် ထူထောင်ခဲ့ပါသည်။ ပြန်လည် ဆောင်ရွက်မည့် ပူးပေါင်းကော်မတီသည် (က) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ (ခ) ဘဏ္ဍာရေးနှင့် (ဂ) ဥပဒေဆိုင်ရာစသည့်ကဏ္ဍသုံးရပ်တွင် အဓိကထား ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံမှ ကုန်သွယ် ရေးနှင့်စက်မှုဝန်ကြီး Mr.Lim Hng Kiang နှင့် မြန်မာနိုင်ငံမှ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးဇေယျာအောင်တို့က ဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီ၏ သဘာပတိများအဖြစ် တွဲဖက်ဆောင်ရွက်ကြမည်။ ဤသို့ ဆောင်ရွက်မည့် အစီအစဉ်ကို စင်ကာပူနိုင်ငံ၏ ဝါရင့်ဝန်ကြီး ဂိုချောက်တောင်၏ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်သည့် နေပြည်တော်ခရီးစဉ်အတွင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ နှစ်နိုင်ငံ အရာရှိ များသည် အစည်းအဝေးများကျင်းပရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၃။ စင်ကာပူနှင့်မြန်မာနိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုအားကောင်း ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း လွန်ခဲ့သည့်နှစ်များအတွင်း ပုံမှန်တိုးတက် လျက်ရှိပါသည်။ ၂ဝ၁၄ ခုနှစ်တွင် နှစ်နိုင်ငံနှစ်အလိုက် ကုန်သွယ်မှုတိုးတက်မှု မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ စင်ကာပူဒေါ်လာ ၃ ဒသမ ၂၃ ဘီလီယံရှိခဲ့ပါသည်။ မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံ၏ ကုန်သွယ် ဖက်နိုင်ငံများတွင် အဆင့် ၈ နေရာတက်ခဲ့ပြီး စင်ကာပူနိုင်ငံ၏ အများဆုံး ကုန်သွယ်ဖက်နိုင်ငံအဆင့် ၂၉ သို့ ရောက်ရှိခဲ့ပါသည်။ ထိုနည်းတူပင် စင်ကာပူနိုင်ငံသည် ၂ဝ၁၃ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံ၏ တတိယအများ ဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပြီး စင်ကာပူ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံရှိပါသည်။ စင်ကာပူနိုင်ငံမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့် အိမ်ရာဆောက် လုပ်မှုလုပ်ငန်းများတွင် အများအပြားရင်းနှီးမြှုပ်နှံလျက်ရှိကြပါသည်။

စင်ကာပူ-မြန်မာ ဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီ

No comments:

Post a Comment