Home

Sunday, February 1, 2015

သဘော်ကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီထူထောင်ရေး လက်မှတ်ရေးထိုး


နေပြည်တော် ဖေဖော်ဝါရီ ၁
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် ဗီယက်နမ်နိုင်ငံ Dong A Shipbuilding joint Stock Company တို့ အကျိုးတူပူးပေါင်း၍ Myanma Shipyards-Dong A joint Venture Company Limited ထူထောင်ရေးအတွက် joint Venture Agreement လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ်၌ ယမန်နေ့ည(၇) နာရီတွင်ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာသင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်စိုးနှင့် Dong A Shipbuilding JSC. မှ General Director Mr. Ngo The Cu တို့က joint Venture Agreement ကို လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် Dong A Shipbuilding JSC. မှ General Director Mr. Ngo The Cu က ကျေးဇူးတင် ကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဦးကြည်စိုးနှင့် Mr. Ngo The Cu တို့အား မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အား ပေးအပ်သည်။
ထို့နောက် ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းအတွက် ကန်ထရိုက်စာချုပ်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ  Uniteam Marine Yangon Limited နှင့် 110 Ft Clinic Boat တစ်စီးတည်ဆောက်ရေး စာချုပ်ကိုလည်းကောင်း၊ လင်းစန္ဒာအောင်ကုမ္ပဏီလီမိတက်နှင့် 90 Ft Fish Trawler တစ်စီးတည်ဆောက်ရေး စာချုပ်ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပြီး Bravely (Myanmar) Transport & Logistics Co.,Ltd. နှင့် Container Vessel ၊ General Cargo Vessel ၊ Tanker များ အစီး (၃၀) တည်ဆောက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြသည်။
ဖက်စပ်ကုမ္ပဏီတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၅သန်း (၅၁ရာခိုင်နှုန်း) နှင့်  Dong A Shipbuilding Industry JSC ၏ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၉ သန်း (၄၉ ရာခိုင်နှုန်း) စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၅ ဒသမ ၄ သန်းဖြင့် Myanma Shipyards -Dong A Joint Venture Company Limited ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်သည်။

မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၏ လျောလမ်းသုံးလွန်းကျင်းအား ခေတ်မီ စက်ကိရိယာများ တပ်ဆင်အဆင့်မြှင့် တင်ခြင်းနှင့် ရေယာဉ်အရွယ်အစား တန်ချိန် ၂၂၀၀၀ အထိတည်ဆောက် နိုင်သော လွန်းကျင်းသစ်တစ်ခု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအဖြစ် 22000 dwt အထိ ရေယာဉ်သစ်များ တည်ဆောက်ခြင်းနှင့် 3000 dwt အထိ ရေယာဉ်များပြင်ဆင်ခြင်းလုပ်ငန်း၊ သင်္ဘောကျင်း လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အခြားစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment