နေပြည်တော် ဖေဖော်ဝါရီ
၎
မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးလုပ်ငန်းများ
အောင်မြင်ရေးအတွက် တွေ့ဆုံ ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသမီး အခွင့်အလမ်းများ
ရှင်သန်ခိုင်မာအောင် ဝိုင်းဝန်းကြိုးပမ်းရေး၊ အမျိုးသမီးများ အမျိုးသားရေး စိတ်ဓာတ်ဖြင့်
မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးတွင်
မြန်မာအမျိုးသမီးထုက ကျရာကဏ္ဍ မှပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက် (၄) ရပ်ဖြင့် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ယနေ့နံနက်
၉ နာရီတွင် နေပြည်တော် လယ်ဝေးမြို့ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တွင်
ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ၏ ကာကွယ်စောင့်
ရှောက်ရေးလုပ်ငန်းများကို ဗဟိုချက်မ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်
နိုင်ငံတော်ကိုယ်စား အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ
ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံအနေဖြင့် လည်းကောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များ
အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် အဖွဲ့ဝင်နိုင်ငံအနေ ဖြင့်လည်းကောင်း၊
မြန်မာအမျိုးသမီးအားလုံး၏ အခွင့်အရေးများ အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ
အဖွဲ့ချုပ်နှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
တိုးတက်မှုသာဓကအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အမျိုးသားအဆင့်မဟာဗျူဟာ (၁ဝ) နှစ် စီမံကိန်း (၂ဝ၁၃-၂ဝ၂၂) စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးပေါင်းဆောင်ရွက်မှုအစီရင်ခံစာကို
ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် UNCEDAW ကော်မတီသို့ တင်သွင်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးကာကွယ် စောင့်ရှောက်ရေးကော်မရှင်နှင့်
အာဆီယံ အမျိုးသမီး ရေးရာ ကော်မတီအစည်း အဝေးများကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလအတွင်း၌
မိမိတို့နိုင်ငံမှ အိမ်ရှင် အဖြစ် ရန်ကုန်မြို့တွင် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါကြောင်း၊
ထို့ပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်း နိုင်ရေးအတွက်
ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ တိုးတက်မှု များရရှိနေသကဲ့သို့ စိန်ခေါ်မှုများကို
ဆက်စပ်လျက်ရှိသည့် အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲ ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်
နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပလာခဲ့သည် မှာ (၁၁) ကြိမ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
ယခုအစည်းအဝေးတွင် ၂ဝ၁၄ ခုနှစ် တစ်နှစ်တာလုပ်ငန်း ဆောင်ရွက် ချက်များ၏ အားသာချက်၊ အားနည်းချက်များကို
ပြန်လည်သုံးသပ်ပြီး မြန်မာအမျိုးသမီးထု၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် ရှေ့လုပ်ငန်းစဉ်များကို
ချမှတ်ဆောင်ရွက်သွား ကြမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ မြို့ပြမှ
သည် ကျေးလက်ဒေသအထိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝ လုံခြုံရေးအတွက် အမျိုးသမီးရေးရာအဖွဲ့ဝင်များအားလုံးက
တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပါမောက္ခ
ဒေါက်တာခင်မာထွန်းက လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
ဂုဏ်ထူးဆောင် နာယကများဖြစ်ကြသော နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်ခင်ခင်ဝင်း၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး
ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယကများ၊ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့များမှ ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်
ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသော မြန်မာနိုင်ငံ
အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ လှုပ်ရှားမှု ဓာတ်ပုံများနှင့် နေပြည်တော်ကောင်စီ အပါအဝင်
တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဒေသထွက်ကုန် အရောင်းဆိုင်ခန်း များကို ဧည့်သည်တော် များက
ကြည့်ရှုလေ့လာကြသည်။
ထို့နောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ်
မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌက ဆောင်ရွက်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို အထွေထွေ အတွင်းရေးမှူးက ဖတ်ကြားတင်သွင်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ဌာနကြီးများနှင့်
လုပ်ငန်းအဖွဲ့များက ၂ဝ၁၄ ခုနှစ် အတွင်း လှုပ်ရှားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းအစီရင်ခံစာများ
တင်ပြဆွေးနွေးကြပြီး အဆိုပါတင်ပြ ဆွေးနွေးချက်များအပေါ် သဘာပတိက ပြန်လည်သုံးသပ်ဆွေးနွေးသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်လတ်နှင့် ဒေါ်ခင်မေစိုးတို့က
အလှည့်ကျ သဘာပတိများအဖြစ် ဆောင်ရွက်၍ နေပြည်တော်ကောင်စီအပါ အဝင် တိုင်းဒေသကြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များက
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်းအစီရင်ခံစာများကို တင်ပြကာ ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြ
သည်။
အစည်းအဝေးကို ညနေ ၅ နာရီတွင် ရပ်နားလိုက်ပြီး ဖေဖော်ဝါရီ
၅ ရက်နှင့် ၆ ရက်များတွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment