ဟားခါး ဖေဖော်ဝါရီ ၎
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဦးဟုန်းငိုင်းသည် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်
တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တီးတိန်၊ တွန်းဇန်၊
ကျီခါးနှင့် ရိခေါဒါရ်မြို့နယ်များသို့ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ
ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တွန်းဇန်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌
ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ရင်းရင်း
နှီးနှီးတွေ့ဆုံပြီး မိမိတို့နယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာနှင့်
ဒေသခံတိုင်းရင်းသား ပြည်သူများက ဝိုင်းဝန်းညှိနှိုင်းပူးပေါင်း
ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။ ထို့နောက် တွန်းဇန်မြို့နယ်
အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးလျန်ခန့်ဆွင်းက မြို့နယ်ရေရရှိရေး၊ မီးရရှိရေးနှင့် နယ်စပ်ဈေး
ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်
လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျင့်လျန်းပေါင်က ဖြည့်စွက် ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကျီခါး၊ တီးတိန်နှင့် ရိခေါဒါရ် မြို့နယ်များရှိ
ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
ကိစ္စရပ်များတွင် ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မြို့နယ်များအတွင်းရှိ ဆေးရုံ၊ ကျောင်း၊ ဝန်ထမ်းအိမ်ရာ၊ လမ်းဖောက်လုပ် နေမှုများနှင့်
ဖလမ်းမြို့နယ်အတွင်းရှိ လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်များကို လှည့်လည်ကြည့်ရှု
စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် မှာကြားခဲ့ကြောင်း
သိရသည်။

No comments:
Post a Comment