Home

Thursday, February 5, 2015

ကျင်ဒွေး အထကနှစ်ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲ ကျင်းပ

ကန်ပက်လက် ဖေဖေါ်ဝါရီ ၃
ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများ လှူဒါန်းသော အထကကျင်ဒွေး နှစ်ထပ်ကျောင်းဆောင်သစ် (RCC) ဖွင့်ပွဲ အခမ်းအနားကို  ဖေဖော်ဝါရီလ ၃ ရက် နံနက် ၁ဝနာရီခွဲက ကျင်ဒွေးရွာ အထကကျောင်းရှေ့ ကွင်းပြင်၌ကျင်းပ ပြုလုပ်သည်။  
       
အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ်ကို ချင်းပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာ ဘမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝင် မစ္စတာမိုင်အဲဒါး၊ မြို့နယ်ဒုပညာရေးမှူး ဦးထန်းမနားတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်က အဖွင့် မိန့်ခွန်းကို၎င်း၊ အလှူရှင်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် မစ္စတာမိုင်အဲဒါးက ကျောင်းဆောင် သစ်လှူဒါန်းရခြင်းအကြောင်းကိုလည်းကောင၈်း ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်းဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား အသီးသီး ပြောကြား ကြသည်။

အဆိုပါ ကျောင်းဆောင်အတွက် ဂျပန်သံရုံးမှတဆင့် ကျပ်ငွေ သိန်းပေါင်း တစ်ထောင်ခြောက်ရာငါးဆယ် ဖြင့် လှူဒါန်းဆောက်လုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment