Home

Sunday, February 15, 2015

သွားလာမှု လွယ်ကူချောမွေ့စေရန် ပင်မှီအိုင်ယားလမ်း ကတ္တရာလမ်း သစ်ဖွင့်



အောင်ပန်း ဖေဖော်ဝါရီ ၁၄
(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ် ပင်မှီအိုင်ယား လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ဝ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ကတ္တရာ လမ်းသစ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက်က စတင်ဖောက်လုပ်ပြီး ဒီဇင်ဘာ ၁၅ ရက် တွင် ပြီးစီး ကြောင်း၊ အရှည်ပေ ၄၂၅ဝ၊အကျယ် ၁၂ ပေရှိပြီး ဤလမ်းကြီးကို ဒေသခံ တိုင်းရင်းသားများ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် ရည်ရွယ်ပြီး အစိုးရအဖွဲ့၏ အကူအညီဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
စုစုပေါင်း ငွေကျပ် ၂၇၉ ဒသမ ၁ သန်းခန့် ကုန်ကျခဲ့ကြောင်း အဆိုပါ လမ်းပြီးစီးသွားသောကြောင့် အနီးအနားရှိ အိုင်းယား၊ ပေါတုပ်၊ ထနောင်းပင်၊ ငုံးတုံဒေသရှိ တိုင်းရင်းသားပြည်သူများ သွားလာရေးနှင့် ကုန်စည်ပို့ဆောင်မှု များလည်း လွယ်ကူ မြန်ဆန်ပြီး ယခင် တစ်နာရီ သွားရမည့် ခရီးကို ယခု နာရီဝက်ခန့်ဖြင့် လမ်းပေါက်နေပြီ ဖြစ်ရာ ဒေသခံပြည်သူများ ဝမ်းမြောက် လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment