Home

Sunday, February 15, 2015

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ အဆင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံ ပညာ အထက်တန်း၊ အလယ်တန်းအဆင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ဝ ရက်က မုံရွာမြို့ တိုင်းဒေသကြီး အားကစားကွင်း မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။

အဆိုပါ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲသို့ မုံရွာမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁ဝ ဦးတို့က ''ပြည်ထောင်စုပန်းတို့ဆင်မြန်း၊ စိတ်ဝမ်းလက်ညီ ပြည်ရေးချီ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းကျောင်းသား ကျောင်းသူ ၁၆ တို့က ''ပြည်ထောင်စုကြီးခိုင်မြဲဖို့ လက်တွဲညီညာ ဆောင်ရွက်စို့'' ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲအား တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလွင်ဟူး၊ အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာကြီး ဆရာမကြီး များက ကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment