Home

Wednesday, February 11, 2015

ရပ်ရွာ အခြေပြု သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဒေသဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဂွမြို့၌ ကျင်းပပြုလုပ်

သံတွဲ    ဖေဖော်ဝါရီ ၁၁

ရပ်ရွာ အခြေပြု သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉း၃၀) အချိန်က ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းဝေးခန်းမကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရွှေအောင်က အမှာစကားပြောကြားပြီး အာရှဒေသ သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးဌာန (ADTC) စီမံကိန်းတာဝန်ခံ ဦးတင်ဝင်းက ရပ်ရွာအခြေပြု ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ (ADTC)သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ရုံးချုပ် အခြေစိုက် ဖွင့်လှစ်ထားရှိပြီး စီမံကိန်းကာလမှာ ၂၀၁၄-ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ (၂) နှစ်သက်တမ်းဟု သိရှိရပြီး အာရှ(၅)နိုင်ငံ ဖြစ်သည့် ဘူတန်၊ မွန်ဂိုလီးယား ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ( J T I ) ဖောင်ဒေးရှင်း၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၀၈-ခုနှစ်မှစ၍ ရန်ကုန်မြို့တွင် ရုံးချုပ် ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် ၂၀၁၅-ခုနှစ်တွင် သံတွဲခရိုင် ဂွမြို့နယ်စီမံကိန်း စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်နှင့် ရပ်ရွာအဆင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ကော်မတီဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



No comments:

Post a Comment