Home

Wednesday, February 11, 2015

ပြည်နယ်ဝန်ကြီးချုပ်ဖလမ်းမြို့၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ လမ်းညွှန်မှာကြား







ဟားခါး    ဖေဖော်ဝါရီ   ၁၀
ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ အစဉ်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်လျက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းသည် ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးဗန်ထောင်း၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဦးငွန်ဆန်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ဖလမ်းမြို့၊ မြို့နယ်ခန်းမဆောင်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာကိစ္စရပ်များ လမ်းညွှန်မှာကြားသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော မြို့မိမြို့ဖများမှ ဦးကောလ်လွယ်က ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် အတူပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (လုံပီး)စိုက်ပျိုးရေးသိပ္ပံကျောင်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှု စစ်ဆေးရာ တည်ဆောက်ရေး တာဝန်ခံများက လိုက်လံပြသ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာအချိန်မီ တည်ဆောက်ပြီးစီးနိုင်ရေး၊ မီးဘေးလုံခြုံရေးတို့ကို လမ်းညွှန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

No comments:

Post a Comment