Home

Monday, February 2, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂

ပထမအကြိမ်အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြာက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင်  အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးဂမ်ဆိုင်း၏ “ဝိုင်းမော်မြို့နယ် မြို့ဦးဖြစ်သော အမှတ်(၁) ရပ်ကွက်၏ ဧရာဝတီမြစ်ကမ်းပါးအား ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် အလျား (၄၇၂) ပေရှိ ကျောက်စီမြစ်ကမ်းထိန်းနံရံ အမြန်ဆုံးပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ဝိုင်းမော်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းပါး ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ကချင်ပြည်နယ် ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား ကွင်းဆင်းတိုင်းတာစစ်ဆေး၍ ဆောင်ရွက် သင့်သော ဒီဇိုင်းပုံစံနှင့် ခန့်မှန်းကုန်ကျစရိတ်အား သက်ဆိုင်ရာဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြ အတည်ပြုချက်ရယူ၍ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြစေပြီး နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေမှ တောင်းခံ၍သော်လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ၌ ထည့်သွင်း ရေးဆွဲ တောင်းခံ၍သော် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးသိန်းလှိုင်၏ “ရာဇဂြိုဟ် ဆည်အား ပြီးစီးအောင် တည်ဆောက်ပေးမည့် အစီအစဉ်ကို သိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍  လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ်ရေလှောင်တမံ ဘက်စုံစီမံကိန်းကို ၂၀၀၃ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကုန်တွင် တမံ တည်ဆောက်ခြင်း လုပ်ငန်း (၉၆) ရာခိုင်းနှုန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်း (၁၀၀) ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်အဆောက် အအုံတည်ဆောက်ခြင်းလုပ်ငန်း (၆၅) ရာခိုင်နှုန်း နှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း (၂၇) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျန်ရှိသောလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ပြည်ထောင်စုအစိုးရအဖွဲ့ ဘဏ္ဍာရေး ကော်မရှင်မှ စိစစ်ခွင့်ပြုသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြထားပါကြောင်း။


ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပါက ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်ကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

No comments:

Post a Comment