Home

Monday, February 2, 2015

ပုလောမြို့ အမှတ်(၁)ရပ်ကွက်တွင် မီးကြွင်းမီးကျန်မှတဆင့် အိမ်(၂၈)အိမ် မီးလောင်ကျွမ်း

ပုလော ဖေဖော်ဝါရီ ၂ ရက်
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့ အမှတ်(၁)ရပ်ကွက် မြ၀တီလမ်းတွင် ဖေဖော်ဝါရီလ(၁)ရက် မွန်းလွဲ (၃း၂၀)နာရီခန့်က ဦးခင်ကျော်ဦး ပိုင်ဆိုင်သော အလျား(၂၀)ပေ×အနံ(၃၀)ပေ ဓနိမိုး၊ ဓနိကာ၊ ၀ါးကြမ်းခင်းနှင့် ကပ်လျက်ရှိသော မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။










အဆိုပါ မီးလောင်မှုအား ရပ်ကွက်နေ ပြည်သူတစ်ဦးမှ လာရောက်သတင်းပို့သဖြင့် ပုလောမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပလောက်မြို့ မီးသတ်စခန်းမှ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းနှင့် ပုလောမြို့ မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဦးကျော်ဇင်ထိုက်တို့ ကြီးကြပ်လျက် ဌာနဆိုင်ရာများ၊ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍ ငြိမ်းသတ်ခဲ့ကြရာ (၄း၃၀)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး (၅း၁၅)နာရီတွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ဓနိမိုး၊ ထရံကာ(၂၇)လုံး၊ ကွန်ဂရစ်တိုက်(၁)လုံး စုစုပေါင်း(၂၈)လုံး မီးလောင်ကျွမ်းခဲ့ရာ စုစုပေါင်း(ခြောက်ဆယ်လေးသိန်းလေးသောင်း) ရှုံးဆုံးခဲ့သည်။ မီးစတင်လောင်ကျွမ်း ချိန်တွင် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခဲ့ခြင်း မရှိကြောင်း တာဝန်ရှိသူများမှ စစ်ဆေးတွေ့ရှိရသည်။ မီးလောင် ကျွမ်းမှုကြောင့် အိမ်များရှုံးဆုံးခဲ့သည့် မီးဘေးသင့်ပြည်သူများအား ပုလောမြို့ ကမ်းရိုးတန်းရတနာခန်းမတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ ပြည်သူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ မီးလောင်မှုနှင့်ပတ်သက်၍ မီးကိုပေါ့ဆစွာ အသုံးပြုသူ ဦးခင်ကျော်ဦးအား ပုလောမြို့ မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။








No comments:

Post a Comment