Home

Thursday, November 11, 2021

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

 


နေပြည်တော် နိုဝင်ဘာ ၁၀

 

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၀) ကို နိုဝင်ဘာ ၁၂ ရက် ညနေတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်(၄၀)၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ စိုးသီဟနှင့် ဂျေနော်တို့က တင်ဆက်ကြမည် ဖြစ်ပြီး မိသားစု လေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို နိုဝင်ဘာ (၁၂၊ ၁၃၊ ၁၄) ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments:

Post a Comment