Home

Thursday, November 11, 2021

ဆီစားလို့ အသားမဖြစ်၊ ဆီစားများလျှင် ဘေးဖြစ်တတ်သည်

 

 


စားသုံးဆီများတွင် အခြေခံအားဖြင့် () ကျန်းမာ ရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီ များ (Unsaturated Fats) () တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့်ပြည့်ဝဆီများ (Saturated Fats) နှင့် () လုံးဝမစားသုံးသင့်သော အသွင်ပြောင်း ဆီများ (Trans Fats) ဟူ၍ သုံးမျိုးရှိသည်။

 မပြည့်ဝဆီ သင့်တင့်စွာစားသုံးခြင်းဖြင့် ခန္ဓာ ကိုယ်အတွက် ကောင်းမွန်သောသွေးတွင်းအဆီ ဓာတ် (HDL) တို့ကိုမြင့်တက်စေပြီး မကောင်းသောအဆီဓာတ် (LDL)တို့ကို လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့်အမျိုးအစား- ဆီးချိုရောဂါ စသည့် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွား နိုင်ခြေကို လျော့နည်းစေသည်။ (ဥပမာ မြေပဲ ဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသောအဆီများ)

ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသော သွေးတွင်းအဆီဓာတ် (LDL) များ လွန်ကဲစွာ မြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီ ဖုံးခြင်း၊ လေးဖက်နာ၊ သွေးကြောနံရံတွင် အဆီ များကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ (ဥပမာ စားအုန်းဆီ၊ စားအုန်းဆီ ရောနှောဆီများ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသောအဆီများ)

အသွင်ပြောင်းဆီသည် အစားအသောက်များ ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြု သောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ်ထည့်ပေါင်း ထားသောဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီ (Triglycerides) များကို ပိုမိုတက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီဓာတ် (HDL) ကို ကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများဖြစ်စေခြင်း ကြောင့် အထက်ဖော်ပြပါရောဂါများအပြင် အမျိုးအစား- ဆီးချိုရောဂါကိုပါ ပို၍ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာ ခံစားရရှိနိုင်သည်။ (ဥပမာ အသင့်စားအစားအစာများ ဖြစ်ကြသည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့်စသည်တို့တွင် ပါဝင်သည့် ဆီ)

ထို့ကြောင့် လူသားတို့ကျန်းမာရေးအတွက် ပြည့်ဝဆီများကို တတ်နိုင်သမျှလျှော့စား၍ အသွင် ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ရ မည်ဖြစ်ပါသည်။ သတိပြုရန်မှာ တချို့အရည်အသွေး မမီသော မြေပဲဆီတွင် မှိုရှိတတ်သည်။ ထို့ကြောင့် မြေပဲဆီသုံးသူများက အနံ့အရသာ ကောင်းသည့် အရည်အသွေးပြည့်မီမြေပဲဆီမျိုးကို ရွေးချယ်တတ်ပါစေ။

သတိထားသင့်သော ပြည့်ဝဆီအမျိုးမျိုး

အဝလွန်အဆီပိုသူများနှင့် ကိုယ်အလေးချိန် ကျဆင်းလိုသူများအနေဖြင့် ပြည့်ဝဆီတိုက်ရိုက်ပါရှိ သော ကြက်၊ ဘဲအရေခွံများနှင့် ခြေလေးချောင်းသား အဆီများ၊ ဝက်အူချောင်း၊ စည်သွတ်ဘူး၊ ဟော့ဒေါ့၊ အသားလုံး စသည်ဖြင့် အထူးတလည်ပြုပြင်ထားသော အရန်သင့်အစားအစာများ၊ အုန်းနို့၊ စားအုန်း ဆီများနှင့် ထိုအဆီတို့ဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများနှင့် ဒိုးနတ်သရေစာတို့ကို ရှောင်နိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။ margarines (ခေါ်) ထောပတ်တုများ၊ ကရက်ကာ၊ ကွတ်ကီး၊ ပေါင်မုန့် စသည့် မုန့်ဖုတ်သရေစာများ၊ အာလူးအကြွပ်ကြော်၊ ကြက်ကြော်အပါအဝင် ဆီကြော်မုန့်အမျိုးမျိုးတို့က လည်း ပြည့်ဝဆီ သွယ်ဝိုက်သောနည်းဖြင့် ပါရှိနေသည့်အတွက် အလွန်အကျွံမစားသင့်ပေ။ ကိုလက် စထရောတက်စေသော ကြက်ဥအနှစ်၊ ဘဲဥအနှစ်၊ ကြက်၊ ဘဲ၊ ဝက်၊ အမဲ စသည့် တိရစ္ဆာန်ကလီစာများ၊ အဆီမထုတ်ထားသော နွားနို့နှင့် အဆီမလိုင်ပြည့် နို့ထွက်ပစ္စည်းများ ဖြစ်ကြသော ထောပတ်၊ ခရင်မ်၊ချိစ် (ခေါ်) ဒိန်ခဲများကို စားသုံးမှုရှောင်ကြဉ်ကြရပါမည်။ သံလွင်ဆီက နှလုံးကို အားကောင်းစေသလိုကျန်းမာရေးအတွက် ဘက်စုံကောင်းမွန်ပါသော် လည်း ကယ်လိုရီများစေတတ်၍ များများမစားသင့်ပေ။ ထောပတ်ဖြင့်လှော်ထားသော ပြောင်းဖူး ပေါက်ပေါက်များကိုလည်း သင့်တင့်ရုံမျှ စားသင့်ပါသည်။

ရောဂါဘယများလျှော့ချပေးမည့် အပင်ထွက်အဆီဓာတ်

အီရန်နိုင်ငံ တီဟီရန်ဆေးသိပ္ပံတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အစားအစာပုံစံနှင့် ရောဂါဘယကြောင့် အသက်ဆုံးပါးမှုနှုန်းထားတို့ကို လေ့လာစိစစ်ထားသည့် ဆေးသုတေသန လေ့လာချက်အများအပြားကို ပြန်လည်စိစစ်သုံးသပ်ခဲ့ကြသည်။ အထူးသဖြင့် အီရန်သုတေသီ များသည် ပဲပိစပ်နှင့် နှမ်းကြယ်စေ့ (Flaxseeds) ကဲ့သို့ အပင်ထွက် ပစ္စည်းများ၌ တွေ့ရှိနိုင်သည့် အယ်လ်ဖာ-လီဒိုလန်း နစ်အက်စစ် (ALA) ခေါ် အိုမီဂါ- ဖက်တီးအက်စစ်တစ်မျိုး၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံကို လေ့လာခဲ့ကြသည်။ လေ့လာချက်ရလဒ်များအရ ALA ဖက်တီးအက်စစ်ကို တစ်ရက်လျှင် ၁ ဒသမ ၆ ဂရမ်အထိ အများဆုံးစားသူများသည် တစ်ရက်လျှင် သုည ဒသမ၇ ဂရမ်အထိအနည်းဆုံးစားသူများထက် ရောဂါဘယတစ်မျိုးမျိုး ကြောင့် သေချိန်မတိုင်ဘဲ သေရနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုနည်းကြောင်းနှင့် အခွံမာသီးများ၊ အစေ့အဆန်များနှင့် အပင်ထွက်အဆီ ဓာတ်ကို များများစားသုံးပါကရောဂါဘယတစ်မျိုးမျိုး ကြောင့် သေချိန်မတိုင်ဘဲ သေရနိုင်ခြေကို လျှော့ချ ပေးနိုင်ဖွယ်ရှိကြောင်း အီရန်သုတေသီများက အောက်တိုဘာလ ဒုတိယပတ်ခန့်က ပြောကြားကြောင်း လေ့လာသိရပါသည်။ သို့သော် ခြွင်းချက်အနေဖြင့် သစ်ကြားသီး၊ သစ်အယ်သီးများက ဦးနှောက်ကို အားကောင်းစေသော် လည်း အလွန်အကျွံစားမိပါက ကယ်လိုရီမြင့်တက်စေပါသည်။

ဆီကြော်စာများနှင့် အသက်အန္တရာယ်

ဆီကြော်အစားအစာများ စားသုံးခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ကြောင်း ကို လူအများ သိထားကြပြီးဖြစ်သည်။ ဆီကြော်အစား အစာဟုဆိုရာ၌ ကြွပ်ကြွပ်ရွရွ အကြော်အားလုံးကို ရည်ညွှန်းပါသည်။ ဥပမာ ဆီကို မီးပူပူ၊ မီးတောက်တောက်ဖြင့် ကြော်ထားသော ပဲမျိုးစုံအကြော်၊ ထပ်တစ်ရာ၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဗယာကြော်၊ ငါးကြော်၊ ပုစွန်ကြော်၊ ကြက်ကြော်၊ ကြက်ဆီဖတ်ကြော်၊ ဝက်ဆီဖတ်ကြော်၊ အမဲဆီဖတ်ကြော်၊ အာလူးကြော်၊ တို့ဟူးကြော်၊ တို့ဟူးခြောက်ကြော်၊ ငါးမုန့်ကြော်၊ ငှက်ပျောကြော်၊ စာကလေးကြော်၊ ပဲခြမ်းနှစ်ပြန်ကြော် စသည်တို့ဖြစ်သည်။ ၎င်းဆီကြော်အစားအစာတို့ကို ဆီးချိုသွေးချိုရောဂါရှိသူ၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ လေးဖက်နာနှင့် အရိုးကျီးပေါင်းရောဂါရှိသူများ အထူးရှောင်ရှား သင့်ပါသည်။ ခန္ဓာကိုယ်ထဲ အဆီများပါက အမျိုးသားသန္ဓေအောင်ခြင်းကိုလည်း ထိခိုက်စေပါသည်။ ဆီကြော်အစားအစာများက ကင်ဆာကုထုံးကို အနှောင့်အယှက်ဖြစ်စေကာ ကင်ဆာဆဲလ်များကိုလည်း ကြီးထွားစေနိုင် သဖြင့် အထူးရှောင်ရှားသင့်ပေသည်။ ဘီပိုး၊ စီပိုး ရောဂါ ရှိသူများအနေဖြင့် ဆီနှင့်အဆီ လုံးဝမစားသင့်ပေ။ ဖော်ပြပါရောဂါရှိသူများက ဆီကြော်အစားအစာ များအပြင် အဆီ၊ အနှစ်၊ မလိုင်၊ ထောပတ်၊ နို့နှင့် ကြက်ဥအနှစ်စားသုံးခြင်းကို ရှောင်ရှားရပါမည်။ အထူးသဖြင့် ညစာတွင် ဆီကြော်နှင့် ဟင်းအဆီ အနှစ်လျှော့စား၍ ရေလုံပြုတ်စားသုံးသင့်ပါသည်။

လတ်တလော အမေရိကန်ပြည်ထောင်စုတွင် လေ့လာမှုအသစ်တစ်ခုအရ ဆီကြော်အစားအစာ များစားခြင်းကြောင့် စောစောစီးစီးအသက်သေဆုံး နိုင်ကြောင်းနှင့် ဆီကြော်ထားသော အစားအစာများ ပုံမှန်စားသည့်အသက် (၅၀) ကျော် အမျိုးသမီး များသည် သေဆုံးနိုင်သည့် အန္တရာယ် ပိုမြင့်မားကြောင်း သတိပေးထားသည်။ ကြော်ထားသော အစားအစာများ မကြာခဏစားသုံးခြင်းကြောင့် မလိုလားအပ် သော ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာများဆီ ဦးတည်သွားကာ နှလုံးသွေးကြော ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အမျိုးအစား- ဆီးချို ရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ်လည်း ပိုများစေကြောင်းသိရ သည်။ အဆိုပါလေ့လာမှုကို အိုင်အိုဝါ တက္ကသိုလ်သုတေသီများက ဦးဆောင်ခဲ့ကြပြီး လေ့လာမှုကာလအတွင်း လူဦးရေ သုံးသောင်းတစ်ထောင်ကျော် သေဆုံးကာ ၎င်းသေဆုံးသူများ အနက် လူဦးရေကိုးထောင့်သုံးရာခန့်သည် ကျန်းမာရေးပြဿနာများကြောင့် ဖြစ်ကြောင်း၊ ရှစ်ထောင့် သုံးရာကျော်မှာ ကင်ဆာနှင့်ဆက်စပ်၍ သေဆုံးသူများဖြစ်ကာ ကျန်လူဦးရေ တစ်သောင်းသုံးထောင် ကျော်မှာ အခြားသောအကြောင်းရင်း များနှင့်ဆက်စပ်၍သေဆုံးကြောင်း လေ့လာတွေ့ရှိရသည်။ ၎င်းတို့စားသုံးသော ဆီကြော်အစားအစာ များအနက် ကြက်ကြော်၊ ငါးကြော်၊ ငါးအသားညှပ် ပေါင်မုန့်၊ ပင်လယ်စာကြော်၊ အာလူးကြော်ကဲ့သို့ ဆီကြော်စာများကို စားသုံးသူလူအုပ်စုခွဲ၍ သုတေသီများက လေ့လာခဲ့ခြင်းဖြစ်သည်။

အဖြေရလဒ်အဖြစ် ဆီကြော်အစားအစာများ ပုံမှန်စားသုံးမှုကြောင့် မည်သည့်အကြောင်းကြောင့် မဆို သေဆုံးနိုင်သည့်အန္တရာယ်မြင့်မားပြီး အထူးသဖြင့် နှလုံးပြဿနာများဖြင့် သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း အသိပေးထားသည်။

သွေးအတွင်းရှိ အဆီဓာတ်များ

ခန္ဓာကိုယ်အနှံ့အပြားတွင်ရှိသော ဆဲလ်များ အားလုံးနီးပါးထဲတွင် အဆီဓာတ်ပါရှိနေကြသည်။ လူတို့စားသုံးလိုက်သော အစားအစာများထဲတွင် ပါဝင်သောအဆီဓာတ်များသည် အသည်းဆီသို့ ဦးစွာရောက်သွားသည်။ ထို့နောက် ခန္ဓာကိုယ် အတွက် လိုအပ်သောနေရာများဆီသို့ အဆီဓာတ် များကို ပို့ဆောင်ပေးသည်။ သွေးဆိုသည်မှာ ရေ (အရည်) ကဲ့သို့ဖြစ်နေကာ အဆီများကို အလိုအလျောက် ပို့၍မရသဖြင့် အသည်းလုပ်ဆောင် ချက်ဖြင့် လိုအပ်သလိုပြုပြင်ပြောင်းလဲပြီးနောက် ပရိုတင်းမော်လီကျူးနှင့် တွဲချိတ်ပြီးမှ သွေးထဲသို့ ပို့ပေးနိုင်သည်။ အဆိုပါလုပ်ဆောင်ချက် များအရ လူ့ခန္ဓာကိုယ်၏သွေးထဲတွင် အဆီဓာတ်ငါးမျိုး ဖြစ်သွားကြသည်။ ၎င်းတို့မှာ () HDL () LDL () IDL () VDL နှင့် () Chylomicron တို့ဖြစ်ကြသည်။ တစ်မျိုးစီ၏ ရာခိုင်နှုန်းအခြေအနေကို အောက်ပါအတိုင်း လေ့လာသိရှိရသည်။

• (HDL အဆီဓာတ်) ကျစ်လျစ်သိပ်သည်းပြီး ကောင်းသောအဆီဖြစ်သည်။ အဆီ ၅၀ ရာခိုင် နှုန်းနှင့် ပရိုတင်း ၅၀ ရာခိုင်နှုန်းပါဝင်သည်။ ၎င်းအဆီ ၅၀ ရာခိုင်နှုန်းထဲမှာ ကိုလက် စထရော၊ ဖော်စဖိုလစ်ပစ်နှင့် ထရိုင်ဂရစ်စရိုက် များပါဝင်ကြသည်။ ၎င်းတို့က သွေးကြောများ မပိတ်အောင် ကာကွယ်ပေးသည်။

• (LDL အဆီဓာတ်) အဆီပမာဏများသောကြောင့် မကောင်းသောအဆီဖြစ်သည်။ အဆီ ၈၀ ရာခိုင်နှုန်းနှင့် ပရိုတင်း ၂၀ ရာခိုင်နှုန်းပါဝင် သည်။ ၎င်းအဆီထဲမှာ ကိုလက်စထရောနှင့် ဖော်စဖိုလစ်ပစ်များ အမြောက်အမြားပါရှိနေကြ သည်။ သွေးကြောနံရံများကို ပိတ်စေသည်။

• (IDL အဆီဓာတ်) အဆီပမာဏများသဖြင့် မကောင်းသောအဆီဖြစ်သည်။ အဆီ ၈၅ ရာခိုင်နှုန်းနှင့် ပရိုတင်း ၁၅ ရာခိုင်နှုန်းပါဝင်သည်။

• (VDL အဆီဓာတ်) အဆီ ၉၂ ရာခိုင်နှုန်းနှင့် ပရို တင်း ရှစ်ရာခိုင်နှုန်းပါဝင်သည်။ အဆီများသောကြောင့် ကျန်းမာရေးအတွက်မကောင်းပါ။

• (Chylomicron အဆီဓာတ်) ၉၉ ရာခိုင်နှုန်းမှာ အဆီဖြစ်ပြီး ထရိုင်ဂရစ်စရိုက် (ခေါ်) သိုလှောင် အဆီများ မြောက်မြားစွာပါရှိနေကြသည်။ ပရို တင်းမှာ တစ်ရာခိုင်နှုန်းသာပါဝင်သည်။ ဝသော သူများ၏ သွေးထဲတွင် ၎င်းအဆီကို တွေ့ရသည်။

ဖော်ပြပါ အဆီဓာတ်ငါးမျိုးထဲတွင် HDL ကို ကျန်းမာရေးအတွက် ကောင်းသောအဆီ (မပြည့်ဝ အဆီ) အဖြစ်သတ်မှတ်ပြီး ကျန်လေးမျိုးကို ကျန်းမာရေးအတွက် မကောင်းသောအဆီ (ပြည့်ဝဆီ) ဟု သတ်မှတ်သည်။ အထူးသဖြင့် LDL များသည် နှလုံး သွေးကြောများကို ကျဉ်းစေသည့်အတွက် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါအပါအဝင် လေဖြတ်ခြင်းတို့ဖြစ်တတ်သည်။ ပမာဏ အလွန်များလျှင် အသက်ပါဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သွေးအတွင်းရှိ အဆီလျော့နည်းစေရန်အတွက် မပြည့်ဝဆီ (Unsaturated Fatty Acid) ကိုစားပြီး ပြည့်ဝဆီ (Saturated Fatty Acid) ကိုရှောင်ရမည်။ အဝလွန်သူများနှင့် သွေးအတွင်း ကိုလက်စထရောများသူက ဖြည့်စွက်စာအနေဖြင့် အိုမီဂါ-၃၊ အိုမီဂါ၆၊ အိုမီဂါ- တို့ကိုစားသုံးပါ။ ငါးကြီးဆီစားပါ။ ကြွပ်ကြွပ်ကြော်ထားသော အစားအစာများကို လုံးဝ (လုံးဝ) ရှောင်ပါ။ သဘာဝမဟုတ်သော အချိုရည်ဘူးများကို သောက်သုံးခြင်းမှ အထူးရှောင်ကြဉ်ပါ။

အဆီဖြေဆေး

ဆီကြော်အစားအစာများနှင့် အထက်ဖော်ပြပါ ပြည့်ဝဆီများကို မကြာခဏစားသုံးသူများ အနေဖြင့် အဆီဖြေဆေးလိုအပ်သည်။ အောက်ဖော်ပြပါသဘာဝ သစ်သီးဝလံများနှင့် သစ်ဥသစ်ဖုများက အဆီ ဆေးသဖွယ် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်သည်။

ကညွတ်၊ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ သစ်ကြံ ပိုးခေါက်၊ လျှော်ပင်စေ့၊ လက်ဖက်စိမ်း၊ လိမ္မော် သီး၊ တည်သီး၊ သလဲသီး၊ ဟင်းနုနယ်ရွက်၊ စိမ်းပြာရေညှိ၊ နနွင်း၊ ဖရဲသီး၊ ကောက်နှံများစားပေးပါ။နံနက်စာစားပြီးနောက် ချဉ်စော်ကားသီးအခြောက်သုံးဖတ် (သို့မဟုတ်) လေးဖတ်ခန့်ကို ရေနွေး ဆူဆူတစ်ခွက်ထဲ ထည့်၍သောက်ပါ။ အသီးခြောက် ပျော့ပြဲသွားသည်အထိ ရေနွေးထပ် ဖြည့်ကာ ရေဆာတိုင်းသောက်နိုင်ပါသည် နောက်ဆုံးမှာ အသီးခြောက်ကိုဝါးစားပါ) ထိုသို့ သောက်ပေးခြင်းဖြင့် သွေးထဲရှိအဆီများ၊ မကောင်းသော LDL ကိုလက်စထရောများ ကျဆင်းစေပြီး သွေးတိုး ရောဂါရှိသူများ၊ နှလုံးအဆီပိတ်သူများ၊ အသည်းရောဂါဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူများကို ကောင်းကျိုးပြုသည်။ သွေး လည်ပတ်မှုအားကောင်းစေသည်။

ဝဥက ကိုယ်တွင်းအဆီများကို သိသိသာသာ ကျဆင်းစေသည်။ ဝဥသုပ်၊ ဝဥဖြင့်ပြုလုပ်ထား သောခေါက်ဆွဲ၊ ဝဥဟင်းချိုသောက်ပါ။ မင်းကွတ်သီးစားပါ။ သွေးထဲရှိအဆီများကို ကျစေပါသည်။

အချုပ်အားဖြင့်ဆိုသော်ဆီစားလို့ အသား မဖြစ်၊ ဆီစားများလျှင် ဘေးဖြစ်တတ်သည်၊ ဆီကို ရှောင် အိုတောင်နုပျိုဆဲဟူသော ကျန်းမာရေး

ဆောင်ပုဒ်ကို အစဉ်သတိချပ်ကြရပေမည်။ အဆီ အနှစ်များနှင့် ဆီကြော်အစားအစာများ မကြာခဏ စားသုံးခြင်းက အဝလွန်အဆီပိုစေရုံမျှမက ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး ယနေ့ကမ္ဘာ့လူသားများကို ခြိမ်းခြောက်နေသော မကူးစက်တတ်သောရောဂါများဖြစ်ကြသည့် နှလုံး၊ နှလုံးသွေးကြောရောဂါ အမျိုးမျိုး၊ သွေးတိုး၊ ဆီးချို၊ လေငန်းရောဂါများကို ဖြစ်စေနိုင်၍ ၎င်းအစားအစာများ စားသုံးခြင်းကို လျှော့ချခြင်းဖြင့် လူ့သက်တမ်းကို အထိုက်အလျောက် ဆွဲဆန့်ထားနိုင်မည်ဖြစ်သည်။ သို့ပါ၍ ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရေး အတွက် ဆီစားသုံးမှုကို လျှော့ချရန်၊ ပြန်ကြော်ဆီ များဖြင့် ကြော်လှော်ထားသော အစားအစာများကို ရှောင်ရှားရန်၊ ဘေးကင်းလုံခြုံမှုမရှိသော စားအုန်းဆီနှင့် ပဲဆီအတုများကို စားသုံးခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း အကြံပြုလိုက်ရပါသည်။

ပေါက်ပေါက်

No comments:

Post a Comment