Home

Saturday, February 10, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
စင်ကာပူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt.Gen. Perry Lim ၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံတွင် ကျင်းပ ပြုလုပ်လျက်ရှိသည့် စင်ကာပူလေကြောင်းပြပွဲ Singapore Airshow 2018 သို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ သည်ယနေ့ မွန်းလွဲပိုင်းတွင် စင်ကာပူနိုင်ငံမှ ပြန်လည် ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦး နှင့် စင်ကာပူတပ်မတော်မှ အရာရှိကြီးများက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ နိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Koh Chee Chian နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment