နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေး ကောင်စီနှင့်
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့က ဦးဆောင် ကျင်းပလျက် ရှိသည့် Myanmar
Software Showcase ၂၀၁၅ သို့ တက်ရောက်
ကြည့်ရှု အားပေးသည်။ နိုင်ငံတော် သမ္မတသည် နံနက် (၉)နာရီခွဲတွင် မြန်မာ အပြည်ပြည် ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန-၂ သို့ ရောက်ရှိလာရာ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာ ဖွံ့ဖြိုးရေး ကောင်စီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့မှ
တာဝန်ရှိသူများ၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ကျောင်းသူလေးများက
ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတသည် ခန်းမအတွင်း ပြသထားသော ပြည်တွင်း ကွန်ပျူတာ ပညာရှင်များ ရေးဆွဲထားသည့်
ဆော့ဝဲလ် ပြခန်းများ၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မြန်မာနိုင်ငံ လေကြောင်းနှင့်
အာကာသပညာ တက္ကသိုလ်မှ ပြသထားသည့် မောင်းသူမဲ့ လေယာဉ် သုတေသန ပြခန်း၊ ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များနှင့်
သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်တို့မှ ပြသထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှု
အားပေးရာ တာဝန်ရှိသူများက ရှင်းလင်း ပြသကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတသည် နည်းပညာပိုင်း ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ပြည်တွင်း ကွန်ပျူတာ ပညာရှင်များ၊ နည်းပညာ တက္ကသိုလ်များနှင့်
ကွန်ပျူတာ တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ခ့ကြသည်။
ဆွေးနွေးပွဲ၌ နိုင်ငံတော် သမ္မတက အဖွင့် အမှာစကား
ပြောကြားရာတွင် ယနေ့ခေတ် နည်းပညာ၏ တိုးတက်မှုများသည်
အံ့မခန်းနိုင်အောင် တိုးတက် မြင့်မားနေပြီ ဖြစ်ပါကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်စေရန်
နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုမှာ အရေးကြီးပြီး နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊
လူမှုရေး၊ ကာကွယ်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ခေတ်မီသည့် IT ပညာရပ်များ လိုအပ်ပါကြောင်း၊
နည်းပညာ နောက်ကျလျင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု
နောက်ကျ နေမည် ဖြစ်ပါကြောင်း၊ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံ
ဖြစ်စေရန် ကြိုးစား ဆောင်ရွက်နေသည့် အချိန်တွင် မိမိတို့အနေဖြင့် အေးချမ်း သာယာအောင်
ဆောင်ရွက်လျက် ရှိပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ကျောင်းသား ကျောင်းသူများက
နည်းပညာပိုင်း ဆိုင်ရာများကို တတ်မြောက်အောင် ကြိုးစား သင်ယူကြ စေလိုကြောင်း၊ တီထွင်
ကြံဆမှုများကို အမြဲတမ်း စဉ်းစား ဆောင်ရွက်နေရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏စိတ်ကူးများ
တီထွင် ကြံဆမှုများကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏
တီထွင် ကြံဆမှုများသည် မြန်မာ နိုင်ငံသားများ အတွက်သာမက ကမ္ဘာ့လူသား အားလုံး အတွက် ရည်ရွယ်
ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ မကြာမီ ကျရောက် တော့မည့် နှစ်သစ်ကူး အတာသင်္ကြန် အခါသမယတွင်
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အားလုံး ကျန်းမာ ချမ်းသာကြ စေရန် ဆုမွန်ကောင်း
တောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်တွင်း ကွန်ပျူတာ ပညာရှင်များ ဖြစ်ကြသည့်
ဦးသောင်းစုငြိမ်း၊ ဦးဇော်မင်းဦး၊ ဦးသာထက်၊ ဦးရဲမြတ်သူနှင့် ဒေါက်တာ ထွန်းသူရသက်တို့က
“လူငယ်နှင့် အခွင့်အလမ်း’’ ခေါင်းစဉ်ဖြင့်
ဆွေးနွေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊
ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးရဲထွဋ်၊ ဒေါက်တာ ကိုကိုဦးတို့က အမှာစကား
ပြောကြားကြသည်။
ဆက်လက်၍ တက်ရောက် လာကြသည့် ကျောင်းသား ကျောင်းသူများ၏
မေးမြန်းချက်များကို ပညာရှင်များက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက နိဂုံးချုပ် အနေဖြင့်
နိုင်ငံတော်၏ ရေရှည် မျှော်မှန်းချက် ဖြစ်သည့် တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး
တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်ရေး အတွက် ကျောင်းသား လူငယ်များ ပါဝင်
ဆောင်ရွက်ရမည့် အခန်းကဏ္ဍ၊ နိုင်ငံတော်၏ ရေတို မျှော်မှန်းချက် (၃)ရပ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင်
ရေရှည် တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ
(LDC)အဖြစ်မှ လွတ်မြောက်ရန်၊ အလယ်အလတ် ၀င်ငွေရှိသည့် နိုင်ငံအဖြစ် ရောက်ရှိရန်တို့နှင့်
ပတ်သက်ပြီး နိုင်ငံတော် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ကျောင်းသား လူငယ်များ၏
ဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက် လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူ များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
၎င်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် သိပ္ပံနှင့်
နည်းပညာ ၀န်ကြီးဌာန မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ် တီထွင် ထုတ်လုပ်
ထားသည့် UAV မောင်းသူမဲ့ လေယာဉ်ငယ် စမ်းသပ် ပျံသန်းမှုအား ကြည့်ရှု အားပေးသည်။
ယနေ့ ဟောပြောပွဲတွင် ကွန်ပျူတာ ပညာရှင်များ ဖြစ်ကြသည့်
ဒေါက်တာ သင်းလဲ့လဲ့သိန်းက “ပထ၀ီဒေသ အနေအထား
ပြသတင်း အချက်အလက်စနစ်’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ချောခင်ခင်က “ICT အလုပ် အကိုင် အခွင့်အလမ်းများ’’ ခေါင်းစဉ်ဖြင့်
လည်းကောင်း၊ ဦးသောင်စုငြိမ်းက “လူမှု ကွန်ယက်
မီဒီယာ ဆိုင်ရာ အချက်အလက်များ’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာ ထွန်းသူရသက်က
“နည်းပညာ ဆိုင်ရာ လျင်မြန်စွာ ပြောင်းလဲမှုများ”ခေါင်းစဉ်ဖြင့်
လည်းကောင်း၊ ဦးရဲကျော်သိန်းက “သတင်းလုံ ခြုံမှုစနစ်”
ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးလင်းလင်းကို က “ခေတ်သစ်မိုဘိုင်း ဆက်သွယ်မှု စနစ်’’ ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေး
ဟောပြောခဲ့ကြ သည်။
ယခုပြပွဲတွင် IT Industry သည် တိုင်းပြည်၏ ဂျီဒီပီကို
တိုးတက်အောင် စွမ်းဆောင်နိုင်သည့် စီးပွားရေး ကဏ္ဍတစ်ခု ဖြစ်လာစေရန်နှင့် မြန်မာ နိုင်ငံ၏
ဆော့ဝဲလ် ထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ပြီး IT အသုံးချ ၀န်ဆောင်မှု လုပ်ငန်းများကို
ဝန်ဆောင်မှု ပေးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း
ဖြစ်ကြောင်း သိရသည်။
ယခုပြပ္ပွဲ္ပ္ပ္ပ္ပတွင် မြန်မာနိုင်ငံမှ Software
Industy မှ စွန့်ဦးတီထွင် လူငယ် (၃၉)ဖွဲ့နှင့် IT ကုမ္ပဏီ (၂၁)ခုတို့မှ ပါဝင်ပြသလျက်
ရှိပြီး ပြခန်းများတွင် ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ e-Commerce၊ ၀န်ဆောင်မှု လုပ်ငန်းများနှင့်
အခြား အမျိုးအစားများကို ပြသထားကြောင်း သိရသည်။
ထို့ပြင် ပြပွဲသို့ ၀င်ရောက်ပြသသည့် လူငယ်များအတွက်
စီးပွာရေး အခွင့်အလမ်းများကို ဖန်တီးပေးပြီး အောင်မြင်သည့် စီးပွာရေး လုပ်ငန်းရှင်များ
အဖြစ် ကူးပြောင်းနိုင်ရန်၊ ပြပွဲသို့ လာရောက် ကြည့်ရှုကြသူများနှင့် ပြသသူများ အကြား
နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများ ရရှိစေရန်နှင့် လူငယ်များ၏ ဆော့ဝဲလ် တီထွင် ရေးသားမှုများ၊
ကြိုးစား အားထုတ်မှုများ၊ နည်းပညာ အသစ် အဆန်းများကို အစိုးရ အဖွဲ့အစည်းများ၊ စီးပွားရေး
လုပ်ငန်းရှင်များနှင့် ပြည်သူများ လေ့လာ ကြည့်ရှု သုံးစွဲနိုင်စေရန် ရည်ရွယ် ပြသခြင်းဖြစ်သည်။




No comments:
Post a Comment